Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လယ်ဝေးမြို့နယ်အတွင်း သမဝါယမစနစ်ဖြင့် ဆောင်ရွက် လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး


24 Apr,2025

နေပြည်တော် ဧပြီ ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နေ့လယ်ပိုင်းက ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း သမဝါယမစနစ်ဖြင့် ဆောင်ရွက် လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ တလုပ်ပင် ကျေးရွာရှိ ကြံတိုင်းအောင် သမဝါယမအသင်းပိုင်မြေ ၉၇ ဒသမ ၆၅ ဧကပေါ်၌ ဒို့မြန်မာသမဝါယမ အသင်းနှင့် ကြံတိုင်းအောင်သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် နွားမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက မိုးမကျမီ နွားမျိုးကောင်းမျိုးသန့်များ ထည့်သွင်းမွေးမြူနိုင်ရေး လိုအပ်သည်များ ချိတ်ဆက်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြား ပြီးနောက် နွားစာအတွက် အဆင်သင့်ဖြစ်စေရန် နွားစာဟင်းနုနွယ်မြက်နှင့် နေဗီယာမြက်များ စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ မြွေရိုး ကျောင်းစုကျေးရွာအုပ်စု၊ ရုံးတောကျေးရွာ၌ ရောက်ရှိပြီး ရွှေဝါထွန်း(၂)စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက် အသင်းပိုင်မြေပေါ်တွင် နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက နွေစပါး၊ မိုးစပါး စိုက်ပျိုးရာတွင် သတ်မှတ် ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ဆောင်ရမည့် စိုက်ပျိုးရေးလုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ စိတ်တူကိုယ်တူ ဆန္ဒတူသူများ အမှန်တကယ်လုပ်ငန်းလုပ်ကိုင်လိုသူများ စုပေါင်း၍ သမဝါယမအသင်းအား ပြန်လည်ဖွဲ့စည်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြား ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ငလျင်ဒဏ်သင့်ဝန်ထမ်းများ ယာယီပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် ဒဏ္ခိဏသီရိ မြို့နယ်ရှိ ယာဉ်၊ စက်ယန္တရားသိုလှောင်ရုံသို့ သွားရောက်ပြီး ယာယီဝန်ထမ်းလိုင်းခန်းများ တည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်း တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်