Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လုပ်ငန်းစဉ်များ

အသေးစားစက်မှုလက်မှုလုပ်ငန်းဆိုင်ရာလုပ်ငန်းစဉ်
(၁) နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သက်ဆိုင်ရာဥပဒေများ ပေါ်ထွန်း လာစေပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးကို အားပေးကူညီ ဆောင်ရွက်မည်။
(၂) အသေးစားစက်မှုလက်မှုလုပ်ငန်းများအား မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရေးကို ဥပဒေနှင့် အညီ စနစ်တကျဆောင်ရွက်ပေးမည်။
(၃) အသေးစားစက်မှုလက်မှုလုပ်ငန်းထုတ်ကုန်များ အရည်အသွေး ပြည့်မီရေးနှင့် ဘေးဥပါဒ် ကင်းရေးအတွက် သုတေသနဓာတ်ခွဲခန်းများ တည်ထောင် စမ်းသပ်ပေးသွားမည်။
(၄) ရက်ကန်းနှင့် ယွန်းထည်လုပ်ငန်း အတတ်ပညာများ ရေရှည်တည်တံ့ထွန်းကားရေးအတွက် ဒီပလိုမာအဆင့် တတ်မြောက်သူများနှင့် ကျွမ်းကျင်သူများကို လေ့ကျင့်မွေးထုတ်ပေး သွားမည်။
(၅) အသက်မွေးဝမ်းကျောင်းပညာများကို သင်ကြားပို့ချပေးခြင်းနှင့် တန်ဘိုးမြှင့် ကုန်ထုတ် လုပ်ငန်းလေ့ကျင့်သင်ကြားရေးဌာန Incubation Center တည်ထောင်ဖွင့်လှစ်ပြီး အသေးစားလုပ်ငန်းရှင်များကို ပံ့ပိုးကူညီမွေးထုတ်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်။
(၆) မြန်မာ့ရိုးရာလက်မှုလုပ်ငန်းနှင့် အသေးစားလုပ်ငန်းထုတ်ကုန်များ ဈေးကွက်ဖွံ့ဖြိုးရေး အတွက် ကုန်စည်ပြပွဲများ အရောင်းပြခန်းများ စီစဉ်ဆောင်ရွက် ပေးသွားမည်။

 
ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm