Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

၁။ ထုတ်လုပ်မှုကဏ္ဍ

ကုန်ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်သည့် သမဝါယမအသင်းများ၏အခြေအနေ

ကုန်ထုတ်လုပ်မှုသမဝါယမအသင်းများ၏ အသင်းအမျိုးအစားအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(က) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း

(၁) ချေးငွေထုတ်ချေးခြင်း

လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းနှင့် လယ်ယာနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းများ၏ အသင်းပိုင်/ အသင်းသားပိုင် လယ်ယာမြေများတွင် စပါး၊ ဂျုံ၊ ပြောင်းဖူးစေ့၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ဂုံလျှော်၊ ပဲမျိုးစုံအပါအဝင် သီးနှံမျိုးစုံစိုက်ဧက(၂၆၄၉၀၀၁.၂၉)ဧကကို စိုက်ပျိုးထုတ်လုပ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၎င်းအသင်းသားများ၏ စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်များကို အသင်းသားများ၏ အစု၊ စုဆောင်းများ အပါအဝင် အသင်းပိုင်/အသင်းအချင်းချင်း ပံ့ပိုးငွေဖြင့် အောက်ပါအတိုင်း ဆောင်ရွက် ပေးလျက်ရှိပါသည် -

  • တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခု
  • မြို့နယ်ပေါင်း (၂၅၅) မြို့နယ်
  • အသင်းပေါင်း (၁၉၇၆၁) သင်း
  • အသင်းသားဦးရေ (၁၀၄၇၀၀၉) ဦး
  • ထုတ်ချေးငွေပေါင်း (၁၂၄၄၇၄.၆၀၃)ကျပ်သန်း

စိုက်ပျိုးရေးသမဝါယမအသင်းသားများအား ချေးငွေထုတ်ချေးနေပုံ

(ခ)စက်ကိရိယာရောင်းချခြင်း

အသင်းသားများစိုက်ပျိုးရာသီအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် အသင်းသားတောင်သူများက စက်ကိရိယာများဝယ်ယူရာတွင် ငွေတစ်လုံးတခဲတည်းပေးချေရန် အဆင်မပြေ သည့်အတွက် သမဝါယမစနစ်ဖြင့် အရစ်ကျ Hire Purchase စနစ်ဖြင့် စက်ကိရိယာ များကို အောက်ပါအတိုင်း ရောင်းချဆောင်ရွက်ပေးနိုင်ခဲ့ပါသည် -

  • တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခု
  • မြို့နယ်  (၂၈၀) မြို့နယ်
  • အသင်း  (၁၂၇၉၄) သင်း
  • အသင်းသား (၄၈၃၉၃)ဦး
  • စက်ကိရိယာ (၆၄၂၃၀) စီး
  • ပံ့ပိုးငွေ (၁၁၀၀၃၅.၈၄၂) ကျပ်သန်း

 

( ဂ) လယ်ယာမြေအဆင့်မြှင့်တင်ပြုပြင်ခြင်း

သမဝါယမအသင်း/ အသင်းသား လယ်ယာမြေများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်မှု လယ်ယာစနစ်မှစက်မှု လယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရန်အတွက် လယ်ယာမြေများ အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်မှုအနေဖြင့် အောက်ပါအတိုင်း ပြုပြင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည် -

  • တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခု
  • မြို့နယ် (၁၈၇) မြို့နယ်
  • အသင်း (၁၄၅၀) သင်း
  • အသင်းသား (၁၉၇၂၉) ဦး
  • ဧက (၈၉၆၃၃.၆၀) ဧက
  • ပံ့ပိုးငွေ (၂၆၃၃၀.၅၇၃) ကျပ်သန်း

 

(ဃ) သွင်းအားစုများ ပံ့ပိုးခြင်း

သမဝါယမအသင်းသားတောင်သူများသို့ စိုက်ပျိုးရေးလုပ်ငန်းအတွက် အသင်းသား များလိုအပ်သော သွင်းအားစုများကို မြို့နယ်အသင်းစု၊ အသင်းစုချုပ်များ၏ ပံ့ပိုးချေး ငွေဖြင့် (၆)လ (၁)ကြိမ် အရင်းအတိုးဆပ်စနစ်ဖြင့် အောက်ပါအတိုင်း ဖြန့်ဖြူးရောင်း ချပေးနိုင်ခဲ့ပါသည် -

  • တိုင်းဒေသကြီး/ ပြည်နယ် (၁၁) ခု
  • မြို့နယ် (၇၉) မြို့နယ်
  • အသင်း (၆၀၆) သင်း
  • အသင်းသား (၁၁၀၆၅) ဦး
  • သဘာဝမြေသြဇာ/ မြေသြဇာ (၁၁၉၄၃၀) အိတ်
  • မျိုး(၆)အိတ်
  • ပိုးသတ်ဆေး (၁၁၀၈) ပုလင်း
  • ပံ့ပိုးငွေ (၆၀၀၁၆၀၅) ကျပ်သန်း

( င) မျိုးစေ့ထုတ်သမဝါယမအသင်းများ

မျိုးစေ့ထုတ်သမဝါယမအသင်းများသည် အောက်ပါအတိုင်း မျိုးစေ့ထုတ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည် -

  • တိုင်းဒေသကြီး/ ပြည်နယ် (၁၃) ခု
  • မြို့နယ်  (၁၂၆) မြို့နယ်
  • အသင်း  (၂၀၅) သင်း
  • အသင်းသား (၆၁၁၇) ဦး
  • မျိုးစေ့ထုတ်ဧက(၁၂၄၉၅) ဧက
  • ပံ့ပိုးငွေ (၉၇၁.၄၃၈) ကျပ်သန်း
    • EXIM Bank (၆၄.၀၈၃) ကျပ်သန်း
    • CERP ထောက်ပံ့ငွေ (၆၂၀.၅၂၃) ကျပ်သန်း
    • အသင်းပိုင် (၉၂.၆၁၂) ကျပ်သန်း
    • တိုင်းဘတ်ဂျက် (၁၉၄.၂၂၀)ကျပ်သန်း

 

( စ) မွေးမြူရေးကုန်ထုတ်သမဝါယမအသင်း

ငါးကုန်ထုတ်သမဝါယမအသင်းများ

မွေးမြူရေးကုန်ထုတ်သမဝါယမအသင်းများအနက် တိုင်းဒေသကြီး/ပြည်နယ် (၁၁)ခု၊ မြို့နယ်(၁၆)မြို့နယ်တွင် သမဝါယမအသင်း(၂၃)သင်းမှ အသင်းပိုင် မွေးမြူရေး ကန်/အင်း(၃၅၈)ကန်၊ ကန်/အင်း အကျယ်ဧက(၁၈၃၁.၃၈)ဧက တွင် ငါးအမျိုးမျိုးအား အောက်ပါအတိုင်း မွေးမြူဆောင်ရွက်လျက်ရှိပါသည် -

  • တိုင်းဒေသကြီး/ ပြည်နယ် (၁၁) ခု
  • မြို့နယ် (၁၆) မြို့နယ်
  • အသင်း (၂၃) သင်း
  • ကန် (၃၅၈) ကန်
  • ကန်/အင်းအကျယ်ဧက (၁၈၃၁.၃၈) ဧက
  • မွေးမြူသည့်ငါးအမျိုးအစား (တီလားဗီးယား၊ ငါးမြစ်ခြင်း၊ ရွှေဝါငါး၊ ငါးဒန်၊ငါးမုတ်)

ထို့ပြင် မွေးမြူရေးသမဝါယမအသင်းများမှ ကြက်၊ ဝက်၊ ဘဲ၊ ဆိတ်၊ နွား စသည့် တိရစ္ဆာန်ကောင်ရေ(၂၇၉၇၉၀)ကောင်ကို မွေးမြူလျက်ရှိပြီး မွေးမြူရေးကုန်ကျ စရိတ်များကို အသင်းသားများ၏ အစု၊ စုဆောင်းများအပါအဝင် အသင်းပိုင်/ အသင်းအချင်းချင်း ပံ့ပိုးငွေဖြင့် အောက်ပါအတိုင်း လုပ်ငန်းဆောင်ရွက်လျက်ရှိ ပါသည် -

  • တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခု
  • မြို့နယ်ပေါင်း (၁၈၅) မြို့နယ်
  • အသင်းပေါင်း (၂၉၁၁) သင်း
  • အသင်းသားဦးရေ (၁၈၂၆၀၉) ဦး
  • ထုတ်ချေးငွေပေါင်း (၁၄၄၆၅.၅၅၁) ကျပ်သန်း

  

(ဆ) ကုန်ထုတ်သမဝါယမအသင်း

(က) စက်မှုကုန်ထုတ်သမဝါယမအသင်း

စက်မှုလက်မှုလုပ်ငန်းဆောင်ရွက်နေသော သမဝါယမအသင်းများမှ စက်မှု လက်မှု လုပ်ငန်းငယ်များ ရင်းနှီးငွေများရရှိစေရန်ရည်ရွယ်၍ ငွေစုငွေချေး လုပ်ငန်းဆောင်ရွက်ပြီး (၃၁-၃-၂၀၂၄)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

  • တိုင်းဒေသကြီး/ ပြည်နယ် (၉) ခု
  • မြို့နယ် (၃၅) မြို့နယ်
  • အသင်း (၇၇) သင်း
  • အသင်းသား (၅၃၀၀) ဦး
  • အစုငွေ (၆၂.၂၈၉) ကျပ်သန်း
  • စုဆောင်းငွေ (၂၅၀.၈၄၇) ကျပ်သန်း
  • ထုတ်ချေးငွေ (၉၈၆.၇၅၆) ကျပ်သန်း

 

(၂) စက်ရုံအလုပ်ရုံလုပ်ငန်း

စက်မှုလက်မှုကုန်ထုတ် သမဝါယမအသင်းပိုင် စက်ရုံ/အလုပ်ရုံ(၃၇)ရုံးမှ ဆန်စက်လုပ်ငန်း၊ ဆီစက်လုပ်ငန်း၊ ပဲခွဲစက်လုပ်ငန်း၊ ရက်ကန်းစက်လုပ်ငန်း၊ အထည်ချုပ်စက်လုပ်ငန်း၊ ရေခဲစက်လုပ်ငန်း၊ စက်ပြင်စက်လုပ်ငန်း၊ စက်ပို ပစ္စည်းစက်လုပ်ငန်း၊ သစ်စက်လုပ်ငန်း၊ သကြားစက်လုပ်ငန်း၊ ပလပ်စတစ် စက်လုပ်ငန်း၊ သံရည်ကျိုစက်လုပ်ငန်း၊ လျှပ်စစ်စက်လုပ်ငန်း၊ မီးခံအုတ်စက် လုပ်ငန်း၊ ဆပ်ပြာစက်လုပ်ငန်း၊ ကျောက်ပြားစက်လုပ်ငန်း၊ ဆေးဝါးစက် လုပ်ငန်း၊ ငါးအအေးခန်းစက်လုပ်ငန်း၊ ကျောက်မျက်စက်လုပ်ငန်း) စသည် တို့ကို လုပ်ကိုင်လျက်ရှိပြီး ထွက်ရှိလာသည့်ပစ္စည်းများကို တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ အသင်းသားပြည်သူများအား ရောင်းချပြီး (၃၁-၃-၂၀၂၄) ရက်နေ့အထိ စက်မှုလက်မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • တိုင်းဒေသကြီး/ ပြည်နယ် - ၁၀ ခု
  • မြို့နယ် - ၃၆ မြို့နယ်
  • အသင်း - ၄၇ သင်း
  • စက်ရုံ - ၅၁ ရုံ
  • ထုတ်လုပ်သည့်ပစ္စည်းများ - ကချင်(မဝတ်)လုံချည်၊ ကုလားပဲခြမ်း ကုလားပဲခွံ/ကုလားပဲနှစ်၊ ဆန်၊ နှမ်း အခွံချွတ်၊မြေပဲဆီ/မြေပဲဖတ်၊ ရေခဲ၊ ကြွေမြေမီးခံအုတ်၊ မီးအားမြှင့်စက်၊ အင်ဗာတာ၊ ကျား/မကလေးဝတ်အထည်၊ ကျောက်ပြား၊ ဆပ်ပြာမှုန့်/ဆပ်ပြာခရင်မ်၊ ပလတ်စတစ်၊ ဆေးဝါး၊ နို့ဆီ၊ နို့မှုန့်၊ နှမ်း/နေကြာ/မုန့်ညှင်းဆီ၊ ချည်ထည်များ


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မနောဧရာရက်ကန်းကုန်ထုတ်သမဝါယမအသင်း

(ဇ) ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု (One Village One Product)လုပ်ငန်း ဆောင်ရွက်မှု အခြေအနေ

စက်မှုလက်မှုကုန်ထုတ်သမဝါယမအသင်းများအနေဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက် စေရန်နှင့် မိသားစုစားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်မိမိတို့မြို့နယ်အတွင်းရှိကုန်ကြမ်းများရရှိမှုနှင့် ငွေကြေးအရင်းအနှီး ပေါ်မူတည်၍ ဝါးခမောက်လုပ်ငန်း၊ ယက်ကန်းလုပ်ငန်း၊ ဂျုံရိုးဦးထုပ်လုပ်ငန်း၊ ဝါးကုန် ထုတ်လုပ်ငန်း၊ပလက်စတစ်ကြိုးဖြင့်ပြုလုပ်သည့် ခြင်းတောင်းလုပ်ငန်း၊ တံမြက်စည်း လုပ်ငန်း၊ ထန်းဖြင့်ပြုလုပ်သည့်လုပ်ငန်း၊ သင်ဖျာလုပ်ငန်း၊ အိုးကုန်ထုတ်လုပ်ငန်း၊ ပန်းပဲလုပ်ငန်း၊ မုန့်လုပ်ငန်း၊ အိုးစည်လုပ်ငန်းနှင့် ယွန်းထည်လုပ်ငန်းများ ဆောင်ရွက် နေသည့် သမဝါယမအသင်းများရှိ အလုပ်သမား အသင်းသားများ၏ လူမှုစီးပွားရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ လုပ်ငန်းဆောင်ရွက်လျက်ရှိရာ (၃၁-၃-၂၀၂၄)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

  • တိုင်းဒေသကြီး/ ပြည်နယ် (၁၁) ခု
  • မြို့နယ် (၃၇) မြို့နယ်
  • အသင်း (၅၇) သင်း
  • အသင်းသား (၂၃၀၃) ဦး
  • အစုငွေ (၄၃၂.၁၆၀) ကျပ်သန်း
  • ဆောင်ရွက်သည့်လုပ်ငန်း - ကချင်ရိုးရာ ကျားမဝတ်လုံချည်၊ ရှမ်းရိုရာဝတ်စုံ၊ ယော/ချင်းလုံချည်၊ ဝါးလက်မှုထည်ပစ္စည်းများ (ခမောက်၊ ကြိမ်ခြင်း)စားသောက်ကုန် ပစ္စည်းများ (ကော်ဖီ/ ဝဥ/ ပိုးစာ/ စွန်တန်ခြောက်/လက်ဖက်ခြောက်/ပန်းသီး/ သစ်သီးဝိုင်)၊ နှီးဖြင့်ထုတ်လုပ်သော အိမ်သုံးပစ္စည်းများ(တောင်း၊ယပ်တောင်) မျှင်ငပိ/ကွမ်းသီးခြောက်၊ ခေါက်ချိုးစောင်၊ လက်သုတ်ပဝါ၊ ချည်ထည်လုပ်ငန်း၊ တံမြက်စည်း၊ ရာဘာ၊ မော်တော်ဘုတ်ပန်ကာ၊ ဓား၊ ပေါက်ပြား၊ တူ၊ ကွမ်းညှပ်၊ ထီး၊ ရှမ်းစက္ကူ၊ ပြည်တောင်း)

နေပြည်တော်၊ပျဉ်းမနားမြို့နယ်၊သနပ္ပင်ဆိပ်(နောက်)ကျေးရွာ၊ ကျောက်စိမ်းဝေစိုက်ပျိုးထုတ်လုပ် ရေးသမဝါယမအသင်း၏ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village  One Product- OVOP) လုပ်ငန်းမှ တံမြက်စည်း ထုတ်လုပ်မှု မှတ်တမ်းဓါတ်ပုံများ

 
 
ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm