Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လုပ်ငန်းစဉ်များ

(၁)        ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာအရ ၂၀၃၀ ပြည့်နှစ်တွင် ကျေးရွားအားလုံး၏ (၈၀%)သို့ ရာသီမရွေးသွားလာ

            နိုင်သည့်လမ်းများဆောင်ရွက်ရန်အတွက် CRRN (Core Rural Road Network) လမ်းများ ညှိနှိုင်းဖော်ထုတ်ရေး

            ဆွဲပြီး ရာသီမရွေးသွားလာနိုင်ရေး အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်၊

(၂)        ကျေးလက်လမ်းကွန်ယက်ဖြင့် ဆက်သွယ်ပေးနိုင်ခြင်းမရှိသေးသည့် ကျေးရွာများအတွက် ရာသီ မရွေးသွားလာနိုင်သော

             လမ်းများ အသစ်ဖောက်လုပ်ပေးမည်၊

(၃)        ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခက်အခဲမရှိစေရန် ကျေးလက် တံတားများအား

            ရာသီမရွေးသွားလာနိုင်သည့် တံတားများအဖြစ် အဆင့်မြှင့်တင်တည်ဆောက်သွားမည်၊

(၄)        ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာတွင်ပါရှိသည့် အဓိကကျေးရွာချင်းဆက် လမ်းကွန်ယက် Core Rural Road

            Network (CRRN) ရွေးချယ်ဖော်ထုတ်ခြင်း လုပ်ငန်းစဉ်အား သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့၊

             လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆွေးနွေး ညှိနှိုင်းဆောင်ရွက်သွားမည်၊

(၅)        မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) နှင့် အညီ

             ကျေးလက်ဒေသလမ်း/တံတားများ အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်၊

(၆)        MSDP နှင့် အညီ မြန်မာနိုင်ငံ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ နောက်ကျ ကျန်နေသော ဒေသများ၏

            လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး မြှင့်တင်ပေးနိုင်ရန်အတွက် အထောက်အပံ့ ဖြစ်စေသည့် ကျေးလက်လမ်း/

             တံတားများအား နှစ်စဉ်အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်၊

(၇)       ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ GDP တိုးတက်မှုကို

            အဓိက အထောက်အပံ့ဖြစ်စေနိုင်သည့် နယ်စပ်ကုန်သွယ်မှုများတွင် အဓိက ကျသော ကျေးလက်ထုတ်ကုန်များ

             ဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် အမြန်ဆုံးအချိန်မီ ရောက်ရှိနိုင်ရေးတို့အတွက် ကျေးလက်ဒေသ လမ်းများအား

             ရာသီမရွေးသွားလာနိုင်သည့် လမ်းများအဖြစ် အဆင့်တိုးမြှင့်ဆောင်ရွက်သွားမည်၊

(၈)        နိုင်ငံတော်၏ စီးပွားရေးမူဝါဒတွင်ပါဝင်သော အခြေခံစီးပွားရေး အဆောက်အအုံများ လျင်မြန်စွာ တိုးတက်လာစေရေး

             အတွက်ကျေးလက်လမ်း/တံတားများ ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေး

             လုပ်ငန်းများအလေးထားဆောင်ရွက်သွားမည်၊

(၉)        ကျေးလက်လမ်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လက်ရှိ လမ်းအရှည်အား အကြီးစား ပြင်ဆင်ထိန်းသိမ်းခြင်းနှင့်

             ပုံမှန်ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်သွားမည်၊

(၁၀)    ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော နိုင်ငံတကာအဖွဲ့အစည်းများ၏ ချေးငွေ၊  ထောက်ပံ့ငွေတို့ဖြင့်

           ကျေးလက်လမ်း/တံတားများ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း၊ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ

          ဆောင်ရွက်ခြင်းနှင့် နည်းပညာမြှင့်တင်ရေး သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမည်၊

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm