သမဝါယမသင်တန်းကျောင်း(ပုသိမ်)
နောက်ခံသမိုင်းအကျဉ်းချုပ်
ဧရာဝတီတိုင်းသမဝါယမသင်တန်းကျောင်းကို ၁၉၇၀ ပြည့်နှစ် သမဝါယမစီမံကိန်းအရ ပုသိမ်အရှေ့မြို့နယ်ရှိ အမှတ်(၅)တိုင်း ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း၏ အဆောက်အဦများ တွင် စတင်၍ ယာယီဖွင့်လှစ်ခဲ့ပါသည်။ လက်ရှိသမဝါယမသင်တန်းကျောင်းကို ဧရာ၀တီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ သတ်မှတ်ပေးသော အမှတ်(၁၃) ရပ်ကွက်၊ မြေကွက် အမှတ် ၁၆၃(စီ)(စီးပွားရေးဇုန်) လွန်ကန်ရပ်၊ ဦးပိုင်အမှတ်(၅၇)၌ရှိသော မြေဧရိယာ(၂.၈၅၆)ဧက ပေါ်တွင် တည်ဆောက်ထားပါသည်။
သမဝါယမသင်တန်းကျောင်း(ပုသိမ်)
သမဝါယမသင်တန်းကျောင်း(ပုသိမ်)
ရည်ရွယ်ချက်
(၁) |
စာရင်းကိုင်ပညာတတ်ကျွမ်းသော လူငယ်စာရင်းကိုင်များ မွေးထုတ်ပေးနိုင်ရန်၊ |
(၂) |
တတ်ကျွမ်းသော စာရင်းကိုင်ပညာရှင်များအား စီးပွားရေးလုပ်ငန်းများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန်၊ |
(၃) |
တတ်ကျွမ်းသော စာရင်းကိုင်ပညာကိုအခြေခံပြီး ခေတ်မီကွန်ပျူတာစာရင်းကိုင်များကို ဆက်လက်လေ့လာသင်ကြားနိုင်စေရန်၊ |
(၄) |
လူငယ်များ နိုင်ငံတော်အထာက်အကူပြု စာရင်းကိုင်ပညာနှင့် ကွန်ပျူတာပညာရပ်များ ကို သမဝါယမစွမ်းအားစုများဖြင့် လူငယ်များအား လေ့ကျင့်ပျိုးထောင်ပေးရန်။ |
|
သမဝါယမသင်တန်းကျောင်း(ပုသိမ်)
သင်ကြားသည့်ဘာသာရပ်များ
စာရင်းရေး၊ စာရင်းကိုင်ပညာ |
(၁) |
Book-Keeping and Accountancy (အခြေခံစာရင်းရေးသွင်းခြင်းနှင့် စာရင်းကိုင်ပညာ) |
(က) |
Elementary Accounting (A)(အခြေခံစာရင်းရေးသွင်းခြင်း) |
(ခ) |
Elementary Accounting (B) (ငွေစာရင်းစာအုပ်ရေးသွင်းခြင်း) |
(ဂ) |
Final Accounts |
(ဃ) |
Manufacturing Account(ကုန်ထုတ်လုပ်မှုစာရင်း) |
(င) |
Bank Reconciliation Statement(ဘဏ်ကိုက်ညှိရှင်းတမ်း) |
|
(၂) |
Advanced Accountancy |
(က) |
Company Accounts (ကုမ္ပဏီ စတင်တည်ထောင်စာရင်း) |
(ခ) |
Partnership Accounts (အစုစပ်လုပ်ငန်းစာရင်း) |
(ဂ) |
Consignment Accounts (ကုန်ရောင်းကုန်ပို့စာရင်း) |
(ဃ) |
Joint Venture Accounts (ဖက်စပ်လုပ်ငန်းစာရင်း) |
(င) |
Ratio Analysis (လုပ်ငန်း၏ဘဏ္ဍာရေးဆန်းစစ်ချက်) |
|
(၃) |
Co-operative Accountancy |
|
(၄) |
ကွန်ပျူတာပညာ |
(က) |
Introduction to Computer System |
(ခ) |
Microsoft Office Word |
(ဂ) |
Microsoft Office Excel |
(ဃ) |
Computerized Accounting (MYOB) |
|
|
သမဝါယမသင်တန်းကျောင်း(ပုသိမ်)
ပေးအပ်သောအောင်လက်မှတ်
ဤသင်တန်းကိုတက်ရောက်၍ စာမေးပွဲဖြေဆိုအောင်မြင်ပါက အောင်လက်မှတ်များကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ သမဝါယမ သင်တန်းကျောင်း များဆိုင်ရာညွှန်ကြားမှုအဖွဲ့(BOD)နေပြည်တော်မှ ချီးမြှင့်ပေးမည်ဖြစ်ပါသည်။
သမဝါယမသင်တန်းကျောင်း(ပုသိမ်)
သင်တန်းကာလ
သင်တန်းကာလမှာ (၃) လခွဲ ဖြစ်ပါသည်။
သမဝါယမသင်တန်းကျောင်း(ပုသိမ်)
2011-2012 ဘဏ္ဍာနှစ်မှ 2020-2021 ဘဏ္ဍာနှစ်ထိ သမဝါယမသင်တန်းကျောင်း(ပုသိမ်) တွင် ပြင်ပသင်တန်းများအတွက် သင်တန်းဖွင့်လှစ်နိုင်မှုအခြေအနေ
စဉ် |
ပညာသင်နှစ် |
စာရင်းရေး၊ စာရင်းကိုင်နှင့် ကွန်ပျူတာသင်တန်း |
၁ |
၂၀၁၁-၂၀၁၂ |
၈၄ |
၂ |
၂၀၁၂-၂၀၁၃ |
၄၁ |
၃ |
၂၀၁၃-၂၀၁၄ |
၈၈ |
၄ |
၂၀၁၄-၂၀၁၅ |
၃၃ |
၅ |
၂၀၁၅-၂၀၁၆ |
၃၇ |
၆ |
၂၀၁၆-၂၀၁၇ |
၈၂ |
၇ |
၂၀၁၇-၂၀၁၈ |
၁၁၆ |
၈ |
၂၀၁၈ (ဧပြီမှစက်တင်ဘာထိ) |
၈၆ |
၉ |
၂၀၁၈-၂၀၁၉ |
၆၉ |
၁၀ |
၂၀၁၉-၂၀၂၀ |
၄၁ |
၁၁ |
၂၀၂၀-၂၀၂၁ |
- |
|
စုစုပေါင်း |
၆၇၇ |
သမဝါယမသင်တန်းကျောင်း(ပုသိမ်)
သင်တန်းသားခေါ်ယူမှုအခြေအနေ
သင်တန်းသားရရှိနိုင်ရန်အတွက် သတင်းစာ၊ ဂျာနယ်များတွင် ကြော်ငြာထည့်သွင်းခြင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးသမဝါယမဦးစီးဌာနများ၏ ပံ့ပိုးမှုများဖြင့် သက်ဆိုင်ရာမြို့နယ်များရှိ သမဝါယမအသင်းများ၊ သမဝါယမအသင်းစုများမှ သင်တန်းသားများခေါ်ယူပေးခြင်း စသည့်နည်းလမ်း များဖြင့် ပြုလုပ်မည်ဖြစ်ပါသည်