သမဝါယမသင်တန်းကျောင်းကို ၁၉၇၀ခုနှစ်၊ မေလမှ စတင်၍ အရှေ့တောင်တိုင်း သမဝါယမ သင်တန်းကျောင်းအမည်ဖြင့်စတင်ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းကျောင်းအမည်နှင့်သင်တန်းကျောင်း တည်နေရာပြောင်းလဲပုံအဆင့်ဆင့်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
စဉ် | သင်တန်းကျောင်းအမည် | နေရာ | ခုနှစ် |
---|---|---|---|
၁ | အရှေ့တောင်တိုင်း သမဝါယမသင်တန်းကျောင်း | အရှေ့တောင်တိုင်းတပ်တွင်း ပညာပေးသင်တန်းကျောင်း၊ မော်လမြိုင်မြို့ | ၁၉၇၀ မှ ၁၉၇၄ ထိ |
၂ | အရှေ့တောင်တိုင်း သမဝါယမသင်တန်းကျောင်း | ဗညားဆောင်၊ ပညာရေး၀န်ကြီး ဌာနပိုင်အဆောက်အဦ၊ ရွှေတောင် ရပ်ကွက်၊ မော်လမြိုင်မြို့ | ၁၉၇၅ မှ ၁၉၇၇ ထိ |
၃ | ပြည်နယ်/တိုင်းသမဝါယမ သင်တန်းကျောင်း(ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်း၊ ပဲခူးတိုင်း) | အရာတော်လမ်း၊ မောင်ငံရပ်၊ မော်လမြိုင်မြို့ | ၁၉၇၈ မှ ၂၀၀၀ ထိ |
၄ | သမဝါယမသင်တန်းကျောင်း၊ မော်လမြိုင်မြို့ | အရာတော်လမ်း၊ မောင်ငံရပ်၊ မော်လမြိုင်မြို့ | ၂၀၀၀ မှ ယနေ့ထိ |
သမဝါယမသင်တန်းကျောင်း(မော်လမြိုင်)
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။