ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းကို ကျေးရွာအခြေခံအဆောက်အအုံများဖွံ့ဖြိုး စေခြင်း၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများပံ့ပိုးပေးခြင်း၊ ကျေးရွာသူ/သားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ်ကျေးလက်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရန်၊ သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိသော နေချင့်စဖွယ်စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးကဏ္ဍ၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍ၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွားမြင့်မားရေးကဏ္ဍ၊အသင်း အဖွဲ့ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းကဏ္ဍ၊ လူမှုကာကွယ်စောင့်ရှောက်ရေး ကဏ္ဍနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ စသည့်ကဏ္ဍ(၆)ရပ်ဖြင့် ဆောင်ရွက်ခဲ့ရာစီမံကိန်း စတင်သည့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ကျေးရွာ(၄၃)ရွာနှင့် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် တိုးချဲ့ဆောင်ရွက်သည့် ကျေးရွာ(၄၅)ရွာ၊ စုစုပေါင်းကျေးရွာ(၈၈)ရွာ၌ အစီရင်ခံသည့်ကာလတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း(၁၆၃၂)ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်ပြီးလုပ်ငန်း(၁၀၉၁)ခု၊ဆောင်ရွက်ဆဲလုပ်ငန်း(၄၁၅)ခု၊ ဆောင်ရွက်ရန်ကျန် (၁၂၆)ခု ဖြစ်ပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်