အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေး စီမံကိန်းကို ဒေသတစ်ခုထုတ်ကုန်တစ်ခုဆောင်ရွက်မည့်လုပ်ငန်း၊ ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးဆောင်ရွက်မည့်လုပ်ငန်း၊လူငယ်များအလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်း၊ အသေးစား၊အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့်လုပ်ငန်း၊ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက် မည့်လုပ်ငန်း၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများပြန်လည် ထူထောင်ပေးရေး ဆောင်ရွက်မည့်လုပ်ငန်း၊ ဘိန်းစိုက်ပျိုးသည့်မြို့နယ်များတွင် အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်မည့်လုပ်ငန်းစသည့် လုပ်ငန်း(၇)ခုဖြင့် ကျေးရွာ(၁)ရွာလျှင် ကျပ်(၁၀)သန်းနှင့် ညီမျှသော ထောက်ပံ့ပစ္စည်းများပံ့ပိုး၍ လုပ်ငန်းထူထောင်ပေးမည်ဖြစ်ရာ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်မှစတင်၍ တိုင်းဒေသကြီး/ပြည်နယ် (၁၄)ခု၊ ကျေးရွာ(၁၅၂)ရွာတွင်အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ပြီး အစီရင်ခံသည့်ကာလထိ ကျေးရွာအတည်ပြုခြင်း လုပ်ငန်းများဆောင်ရွက်ပြီးဖြစ်၍ ကျေးရွာ (၁၄၆)ရွာတွင် စီမံကိန်းလုပ်ငန်း (၁၄၆)ခု ဆောင်ရွက်လျက်ရှိပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။