Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဋ) ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ပေးခြင်းလုပ်ငန်း(Rural Business Fund-RBF) အကောင်အထည်ဖော်ဆောင်ရွက်မှု

     စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အငယ်စား၊အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ကိုင် သူများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးများရရှိစေရန်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း  များအား အစုအဖွဲ့စနစ်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိ လာစေရန်နှင့် ဒေသထွက်ကုန်အပေါ် အခြေခံသည့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေထူထောင် ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာယူနစ် (၅၀)ယူနစ်၊ ကျေးရွာ(၅၄)ရွာ၌ ဆောင်ရွက်ရန်လျာထားခဲ့ပြီး ကျေးရွာများအတည်ပြု ရွေးချယ်ပြီးဖြစ်၍ သက်မွေးအစုအဖွဲ့များဖွဲ့စည်းခြင်း၊ အဆိုပြုလွှာများစိစစ် အတည်ပြုခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ ရန်ပုံငွေလွှဲပြောင်းခြင်းစသည့် စီမံကိန်းလုပ်ငန်းစဉ်များအတိုင်း ဆက်လက် ဆောင်ရွက်လျက်ရှိရာ အစီရင်ခံသည့်ကာလတွင်ကျေးရွာ ယူနစ်(၄၈)ယူနစ်၊ ကျေးရွာ(၅၂)ရွာအား ရန်ပုံငွေလွှဲပြောင်းပြီးဖြစ်သဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm