Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဎ) သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များမှ လုပ်ငန်းဆောင်ရွက်မှု

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်၊ စစ်ကိုင်း)မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သင်တန်းနှစ်အသီးသီးအား ဖွင့်လှစ်သင်ကြားလျက်ရာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၁၃၄)ဦးနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)တွင် ကျောင်းသား/ကျောင်းသူစုစုပေါင်း(၉၆၉)ဦး တက်ရောက်လျက်ရှိပါသည်။ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်၊စစ်ကိုင်း)တွင် စက်တင်ဘာလ၌ ကျင်းပပြုလုပ်ခဲ့သော စာမေးပွဲများ အတွက်အမှတ်စာရင်းပြုစုခြင်း၊ အောင်စာရင်းပြုစုခြင်းများအပြင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာရေးဆွဲခြင်းများကိုဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm