Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဋ ) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ကျေးလက်ပြည်သူများကိုယ်တိုင် ကျေးရွာ၏ပကတိအခြေအနေများကို ဖော်ထုတ်ပြီး စီမံချက်များ ရေးဆွဲဖော်ထုတ်၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ Annual Village InvestmentProgramme (AVIP) ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အရကျေးရွာ (၁)ရွာလျှင် ငွေကျပ်(၁၅)သန်းဖြင့် မြို့နယ် (၂၂၁)မြို့နယ်ရှိ ကျေးရွာ(၁၈၁၇)ရွာ၌ လုပ်ငန်းများဆောင်ရွက်ရန် လျာထားခဲ့သော်လည်း မိုခါမုန်တိုင်းဘေးကြောင့် ကျေးရွာ(၁၉)ရွာအား ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးခေါင်းစဉ်သို့ လွှဲပြောင်းပေးခဲ့ရခြင်းကြောင့် ကျေးရွာ(၁၇၉၈)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အစီရင်ခံသည့်ကာလတွင် ကျေးရွာ ရွေးချယ်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ မြို့နယ်(၂၂၁)မြို့နယ်၊ ကျေးရွာပေါင်း(၁၆၀၄) ရွာအားအတည်ပြုရွေးချယ်ပြီးဖြစ်ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm