Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဎ)သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များမှ လုပ်ငန်းဆောင်ရွက်မှု

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်၊စစ်ကိုင်း)မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သင်တန်းနှစ်အသီးသီးအား ၁-၆-၂၀၂၃ ရက်နေ့မှစတင် ဖွင့်လှစ်သင်ကြားလျက်ရှိပြီး သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင်ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၁၃၆)ဦးနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)တွင်ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၉၉၉)ဦး တက်ရောက်လျက်ရှိပါသည်။

၎င်းအပြင်သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ၌Human Resource Management သင်တန်းများဖြစ်သောMaster of Business Administration(MBA), Master of Public Administration(MPA), Master of Applied Research(MAR),Diploma in Human Resource Management (Dip.HRM)သင်တန်းများကို ၃-၆-၂၀၂၃ ရက်နေ့မှစတင်ဖွင့်လှစ် သင်ကြား လျက်ရှိပြီးသင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၂၃၂)ဦးတက်ရောက်သင်ကြားလျက်ရှိပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm