Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ည) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ကျေးလက်ပြည်သူများ ကိုယ်တိုင်ကျေးရွာ၏ ပကတိအခြေအနေများကို ဖော်ထုတ်ပြီး စီမံချက်များရေးဆွဲ၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် (၁၆) ခုရှိ မြို့နယ် (၂၂၈) မြို့နယ်၊ ကျေးရွာပေါင်း (၁၃၀၃) ရွာ၌ စီမံချက်ရေးဆွဲရန် လျာထားခဲ့သော်လည်း ရခိုင်ပြည်နယ်တွင် ကျေးရွာ (၁) ရွာ ထပ်တိုးခွင့်ပြုသည့်အတွက်  ကျေးရွာ (၁၃၀၄) ရွာတွင် စီမံချက်ရေးဆွဲသွားမည်ဖြစ်ပြီး Annual Village Investment Programme(AVIP) ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အရ ကျေးရွာ (၁) ရွာလျှင် ငွေကျပ် (၁၅) သန်းနှုန်းဖြင့် ကျေးရွာ (၁၈၁၇) ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ အစီရင်ခံသည့်ကာလတွင် ကျေးရွာများအား သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရွေးချယ်နိုင်ရေးဆောင်ရွက်လျက် ရှိပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm