Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဆ) ကျေးလက်မီးလင်းရေးလုပ်ငန်း

၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊ (၆)လဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့သော မီးလင်းရေးလုပ်ငန်းများတွင် တစ်အိမ်သုံးဆိုလာစနစ် မီးလင်းရေးလုပ်ငန်း(၅၅၇၅)ခုကို ဆောင်ရွက်ရန် လျာထားခဲ့သော်လည်း တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရန် ပစ္စည်းများအား ပင်လယ်ရေကြောင်းမှ တင်သွင်းနိုင်ရေး သွင်းကုန်လိုင်စင်ခွင့်ပြုချက်နှင့် နိုင်ငံခြားငွေဝယ်ယူခွင့်အား တင်ပြတောင်းခံခဲ့ရာ ခွင့်ပြုချက်မရရှိခဲ့သောကြောင့် ကုမ္ပဏီမှလုပ်ငန်းများ ဆက်လက်မဆောင်ရွက် နိုင်သဖြင့် ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် စာချုပ်ဖျက်သိမ်းခဲ့ပါသည်။ အဆိုပါလုပ်ငန်းအစား ကျေးရွာ(၉၁၉)ရွာ၊ အိမ်ခြေ(၄၃၇၂၈)အိမ်တွင် လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ အစီရင်ခံသည့်ကာလတွင် စီမံကိန်းတစ်ခုလုံးအပေါ် လုပ်ငန်းပြီးစီးမှုမှာ (၃၀%) ဖြစ်ပါသည်။ အသေးစားဓါတ်အားပေးစနစ်လုပ်ငန်း (၄၈၂)ခုမှာ (၁၀၀%) ဆောင်ရွက်ပြီး ဖြစ်ပါသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် အသေးစားဓါတ်အားပေးစနစ် လုပ်ငန်းများကို ပြည်ထောင်စု ရန်ပုံငွေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျေးရွာ(၁၄)ရွာ၊ အကျိုးပြုအိမ်ခြေ (၂၈၃၅)အိမ်အတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီးစီမံကိန်းတစ်ခုလုံးအပေါ်လုပ်ငန်းပြီးစီးမှုမှာ (၆၂%) ဖြစ်ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm