Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(တ) သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များမှ လုပ်ငန်းဆောင်ရွက်မှု

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်၊ စစ်ကိုင်း)တွင် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ သင်တန်းနှစ်အသီးသီးအား ဖွင့်လှစ် သင်ကြားလျက်ရှိပြီး သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (သန်လျင်)တွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀၇၀) ဦးနှင့် သမဝါယမနှင့် စီမံ ခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)တွင် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၈၈၆) ဦး တက်ရောက် သင်ကြားလျက် ရှိပါသည်။

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တို့အတွက် အဋ္ဌမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ၂၅-၂-၂၀၂၃ ရက်နေ့တွင်ကျင်းပခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း (၃၂၈) ဦးသို့ သက်ဆိုင်ရာဘွဲ့များ ချီးမြှင့်အပ်နှင်း ခဲ့ပါသည်။ ထို့ပြင် (၇၆)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာပေဟောပြောပွဲ၊ စာစီစာကုံး နှင့် ဆောင်းပါးပြိုင်ပွဲ အခမ်းအနားကို ၆-၂-၂၀၂၃ ရက်နေ့မှ ၉-၂-၂၀၂၃ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ ပါသည်။

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)တွင် ၁၁-၂-၂၀၂၃ ရက်နေ့၌ ကျရောက် သည့် (၁၁)နှစ်မြောက် တက္ကသိုလ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ကျင်းပ ပြုလုပ်ခဲ့ရာ  စာတမ်းရှင် (၁၃)ဦးပါဝင်၍ စာတမ်းများ ဖတ်ကြားတင်သွင်းခဲ့ကြပါသည်။

 

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm