၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့သော မီးလင်းရေးလုပ်ငန်းများတွင် တစ်အိမ်သုံးဆိုလာစနစ် မီးလင်းရေး လုပ်ငန်း (၅၅၇၅)ခုကို ဆောင်ရွက်ရန် လျာထားခဲ့သော်လည်း တင်ဒါအောင်မြင် သော ကုမ္ပဏီများမှ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်ရန် ပစ္စည်းများအား ပင်လယ် ရေကြောင်းမှတင်သွင်းနိုင်ရေး သွင်းကုန်လိုင်စင်ခွင့်ပြုချက်နှင့် နိုင်ငံခြား ငွေဝယ်ယူခွင့်အား တင်ပြတောင်းခံခဲ့ရာ ခွင့်ပြုချက်မရရှိခဲ့သောကြောင့် ကုမ္ပဏီမှ လုပ်ငန်းများ ဆက်လက်မဆောင်ရွက်နိုင်သဖြင့် ဝန်ကြီးဌာန၏စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် စာချုပ်ဖျက်သိမ်းခဲ့ပါသည်။ အဆိုပါလုပ်ငန်းအစား ကျေးရွာ (၉၁၉) ရွာ၊ အိမ်ခြေ(၄၃၇၂၈)အိမ်တွင် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အစီရင်ခံသည့်ကာလတွင် လုပ်ငန်းပြီးစီးမှုမှာ (၁၈%) ဖြစ်ပါ သည်။ အသေးစားဓါတ်အားပေး စနစ်လုပ်ငန်း (၄၈၂) ခုမှာ (၉၀%) ဆောင်ရွက်ပြီး ဖြစ်ပါသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အသေးစားဓါတ်အားပေး စနစ်လုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျေးရွာ(၁၂)ရွာ၊အကျိုးပြု အိမ်ခြေ (၁၂၈၃) အိမ်အတွက် မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အစီရင်ခံသည့်ကာလတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ(၂)ရွာ ထပ်တိုး စာချုပ်ချုပ်ဆိုခဲ့ခြင်းကြောင့် ကျေးရွာ (၁၄)ရွာ၊ အကျိုးပြု အိမ်ခြေ (၂၈၃၅)အိမ်အတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး စုစုပေါင်းလုပ်ငန်းပြီးစီးမှုမှာ (၂၉ %) ဖြစ်ပါသည်။
Dial these numbers and email in case of any emergency