Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဋ) လူထုဗဟိုပြုစီမံကိန်း

လူထုဗဟိုပြု Community Driven Developmentချဉ်းကပ်မှုနည်းလမ်းဖြင့်၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နှစ်စတွင်မြို့နယ် (၇) မြို့နယ်၊ကျေးရွာအုပ်စု (၁၈၂) အုပ်စုအတွက်ကမ္ဘာ့ဘဏ်ချေးငွေ ခေါင်းစဉ်မှ ဆောင်ရွက်ရန်လျာထားခဲ့ပြီး ကျေးရွာအုပ်စုများသို့ ထောက်ပံ့ရန်ပုံငွေလွှဲပို့ရန်အတွက် ကမ္ဘာ့ဘဏ်သို့ NOL တောင်းခံခဲ့ရာဆောင်ရွက်ဆဲလုပ်ငန်းများအတွက်သာ စီမံကိန်းကာလအား(၁)နှစ် သက်တမ်းတိုးခဲ့ပါသည်။ သို့ပါ၍ကမ္ဘာ့ဘဏ်ချေးငွေခေါင်းစဉ်မှ လျာထားခဲ့သောထောက်ပံ့ရန်ပုံငွေကျပ်  (၄.၃)ဘီလီယံအား ပြန်လည်အပ်နှံခဲ့ပြီးဖြစ်ပါသည်။ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှစတင်၍ နိုင်ငံတော်ထောက်ပံ့ငွေဖြင့် မြို့နယ်(၆)မြို့နယ်၊ ကျေးရွာအုပ်စု(၅၉)အုပ်စုအား လမ်းတံတား၊စာသင် ကျောင်း၊ ကျေးရွာခန်းမ၊ ရေပေးရေး၊ မီးလင်းရေးနှင့် အခြားစသည့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများအား အသစ်ထပ်မံလျာထားခဲ့ပါသည်။ အစီရင်ခံသည့်ကာလတွင် ကျေးရွာအုပ်စု(၅၉)အုပ်စုအား ထောက်ပံ့ရန်ပုံငွေပေးပို့ပြီးဖြစ်၍ လုပ်ငန်း (၁၇၉)ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်ပြီးလုပ်ငန်း (၃၀) ခု၊ ဆောင်ရွက်ဆဲလုပ်ငန်း (၉၇) ခုနှင့် ဆောင်ရွက်ရန်ကျန်လုပ်ငန်း (၅၂) ခု ဖြစ်ပါသည်။

 ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဆောင်ရွက်ဆဲလုပ်ငန်းစီမံကိန်းမှ လုပ်ငန်းစုစုပေါင်း (၃၄၄) ခု လျာထား ဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံး(၁၀၀%) ဆောင်ရွက်ပြီးဖြစ်ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm