Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဆ) ကျေးလက်မီးလင်းရေးလုပ်ငန်း

၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊ (၆)လဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့သော မီးလင်းရေးလုပ်ငန်းများတွင် တစ်အိမ်သုံးဆိုလာစနစ် မီးလင်းရေးလုပ်ငန်း(၅၅၇၅)ခုကို ဆောင်ရွက်ရန်လျာထားခဲ့သော်လည်း တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်ရန် ပစ္စည်းများအား ပင်လယ်ရေကြောင်းမှတင်သွင်းနိုင်ရေး သွင်းကုန်လိုင်စင်ခွင့်ပြုချက်နှင့် နိုင်ငံခြားငွေဝယ်ယူခွင့်အား တင်ပြတောင်းခံခဲ့ရာ ခွင့်ပြုချက်မရရှိခဲ့သောကြောင့် ကုမ္ပဏီမှလုပ်ငန်းများ ဆက်လက်မဆောင်ရွက် နိုင်သဖြင့်ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်ဖြင့် စာချုပ်ဖျက်သိမ်းခဲ့ပါသည်။ အဆိုပါလုပ်ငန်းအစား ကျေးရွာ(၉၁၈)ရွာ၊ အိမ်ခြေ(၄၃၇၂၈)အိမ်တွင် အကောင်အထည်ဖော်ဆောင်ရွက် သွားရန်ပြောင်းလဲလျာထားခဲ့သော်လည်း အစီရင်ခံသည့်ကာလတွင် ပြည်နယ်တိုင်းဒေသကြီးများမှ ဆိုလာစနစ်အရေအတွက်ပြောင်းလဲခြင်းမရှိဘဲ ကျေးရွာ(၁)ရွာ ထပ်တိုးတင်ပြလာပါသဖြင့် စုစုပေါင်း ကျေးရွာ(၉၁၉)ရွာတွင် လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ လုပ်ငန်းပြီးစီးမှုမှာ(၁၅%) ဖြစ်ပါသည်။ အသေးစား ဓါတ်အားပေးစနစ်လုပ်ငန်း (၄၈၂) ခုမှာ (၈၉%) ဆောင်ရွက်ပြီးဖြစ်ပါသည်။

              ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် အသေးစားဓါတ်အားပေးစနစ်လုပ်ငန်းများကို ပြည်ထောင်စု ရန်ပုံငွေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျေးရွာ(၈)ရွာ၊ အကျိုးပြုအိမ်ခြေ (၁၂၁၅)အိမ်အတွက် မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အစီရင်ခံသည့်ကာလတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ(၃)ရွာနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ (၁)ရွာအားထပ်တိုးစာချုပ်ချုပ်ဆိုခဲ့ခြင်းကြောင့် ကျေးရွာ(၁၂)ရွာ၊ အကျိုးပြုအိမ်ခြေ(၂၁၈၃)အိမ်အတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီးစုစုပေါင်းလုပ်ငန်းပြီးစီးမှုမှာ (၂၄%) ဖြစ်ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm