Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(တ) သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များမှ လုပ်ငန်းဆောင်ရွက်မှု

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ပထမနှစ် သင်တန်းများ၊၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဘွဲ့လွန်ဒီပလိုမာနှင့် မဟာဘွဲ့သင်တန်းများအား ၂၁-၁၁-၂၀၂၂ ရက်နေမှစ၍ဖွင့်လှစ်ခဲ့ပါသည်။ ငွေကြေးစီမံခန့်ခွဲမှုနှင့်ဘဝအာမခံအကြောင်းခေါင်းစဉ်ဖြင့်ဟောပြောပွဲကို ၂၉-၁၁-၂၀၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ် သင်တန်းများအား ၂၁-၁၁-၂၀၂၂ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် မဟာတန်းဒုတိယနှစ်သင်တန်းများ၏ ပထမနှစ်ဝက်စာမေးပွဲကို ၂၈-၁၁-၂၀၂၂ ရက်မှ ၃-၁၂-၂၀၂၂ ရက်နေ့ထိ ကျင်းပဆောင်ရွက်လျက်ရှိပါသည်။

 

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm