ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဍ) မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှု

မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် စီမံကိန်းကျေးရွာယူနစ်(၁၂၀)ယူနစ်၊ အကျိုးပြုကျေးရွာ (၁၂၅) ရွာ လျာထားခဲ့ပြီး အောက်တိုဘာလမှ စတင်၍ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် ကျေးရွာယူနစ် (၄၅၆) ယူနစ်ကို ထပ်တိုးလျာထား ခဲ့သည့်အတွက် စုစုပေါင်း(၅၇၆)ယူနစ်၊ အကျိုးပြုကျေးရွာ (၅၈၅) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အစီရင်ခံသည့်ကာလတွင် တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခု၊မြို့နယ် (၁၃၇) မြို့နယ်ရှိ ကျေးရွာယူနစ် (၂၅၉) ယူနစ်အတွက် ရန်ပုံငွေထုတ်ချေးပေးပြီးဖြစ်ပြီး ကျန်ကျေးရွာများအတွက် ရန်ပုံငွေထုတ်ချေးပေးနိုင်ရေးဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm