Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဋ) လူထုဗဟိုပြုစီမံကိန်း

လူထုဗဟိုပြု Community Driven Development ချဉ်းကပ်မှုနည်းလမ်းဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နှစ်စတွင် မြို့နယ် (၇) မြို့နယ်၊ ကျေးရွာအုပ်စု (၁၈၂) အုပ်စုအတွက် ကမ္ဘာ့ဘဏ်ချေးငွေ ခေါင်းစဉ်မှ ဆောင်ရွက်ရန်လျာထားခဲ့ပြီး ကျေးရွာအုပ်စုများသို့ ထောက်ပံ့ရန်ပုံငွေလွှဲပို့ရန်အတွက် ကမ္ဘာ့ဘဏ်သို့ NOL တောင်းခံခဲ့ရာ ဆောင်ရွက်ဆဲလုပ်ငန်းများအတွက်သာ စီမံကိန်းကာလအား (၁)နှစ် သက်တမ်းတိုးခဲ့ပါသည်။ သို့ပါ၍ ကမ္ဘာ့ဘဏ်ချေးငွေခေါင်းစဉ်မှ လျာထားခဲ့သောထောက်ပံ့ရန်ပုံငွေ ကျပ် (၄.၃) ဘီလီယံအား ပြန်လည်အပ်နှံခဲ့ပြီးဖြစ်ပါသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှစတင်၍ နိုင်ငံတော်ထောက်ပံ့ငွေဖြင့် မြို့နယ် (၆) မြို့နယ်၊ ကျေးရွာအုပ်စု (၅၉) အုပ်စုအား လမ်းတံတား၊စာသင် ကျောင်း၊ ကျေးရွာခန်းမ၊ ရေပေးရေး၊မီးလင်းရေးနှင့် အခြားစသည့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများအား အသစ်ထပ်မံလျာထားခဲ့ပါသည်။ အစီရင်ခံသည့်ကာလတွင် ကျေးရွာအုပ်စု (၃၄) အုပ်စုအား ထောက်ပံ့ရန်ပုံငွေ ပေးပို့ပြီးဖြစ်ပါသည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဆောင်ရွက်ဆဲလုပ်ငန်း စီမံကိန်းမှ လုပ်ငန်းစုစုပေါင်း (၃၄၄) ခုတွင် အစီရင်ခံသည့်ကာလထိ  ဆောင်ရွက်ပြီးလုပ်ငန်း (၃၃၁) ခု၊ ဆောင်ရွက်ဆဲလုပ်ငန်း (၁၃) ခုဖြစ်ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm