၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆) လဘတ်ဂျက်ဖြင့်ဆောင်ရွက်ခဲ့သော မီးလင်းရေးလုပ်ငန်းများတွင် အစီရင်ခံသည့်ကာလ၌ တစ်အိမ်သုံးဆိုလာစနစ်မီးလင်းရေးလုပ်ငန်း (၅၅၇၅) ခုမှာ (၂၀%) နှင့်အသေးစားဓါတ်အားပေးစနစ်လုပ်ငန်း (၄၈၂) ခုမှာ (၇၄%) ဆောင်ရွက်ပြီးဖြစ်ပါသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အသေးစားဓါတ်အားပေးစနစ်လုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျေးရွာ (၈) ရွာ၊ အကျိုးပြုအိမ်ခြေ (၁၂၁၅) အိမ်အတွက် မီးလင်းရေးလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။