Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဈ) ကျေးလက်အိမ်ရာတည်ဆောက်ခြင်းလုပ်ငန်း

ကျေးလက်အိမ်ရာတည်ဆောက်ရေးလုပ်ငန်းများကို၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်(၃)မြို့နယ်တွင် ကျေးလက်အိမ်ရာ(၇၄)လုံး အားအကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားပြီးအစီရင်ခံသည့် ကာလ၌ ချင်းပြည်နယ်တွင် Technical နှင့် Price Proposal များဖွင့်လှစ်ခြင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် စာချုပ် ချုပ်ဆိုခြင်း လုပ်ငန်းများဆောင်ရွက်ပြီးဖြစ်ပြီး ကျန်ရှိသောလုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ရခိုင်ပြည်နယ်တွင် မြို့နယ် (၂) မြို့နယ်၊ ကျေးရွာအုပ်စု (၄) အုပ်စု၊ ကျေးရွာ (၄) ရွာ၌ ကျေးလက်အိမ်ရာ (၄၀) လုံးအားဆောင်ရွက်လျက်ရှိပြီး (၈ %) ဆောင်ရွက်ပြီးဖြစ်ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm