Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဒ) သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်၊ စစ်ကိုင်း) ဖွင့်လှစ်ဆောင်ရွက်နိုင်မှု

          သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် သန်လျင်နှင့် စစ်ကိုင်းတို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ သင်တန်းနှစ်အသီးသီးအား ဖွင့်လှစ်သင်ကြားလျက်ရှိရာ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၇၀၅) ဦးနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)၌ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၃၆၇)ဦး တက်ရောက် သင်ကြားလျက်ရှိပါသည်။

            သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် နဝမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ၂၅-၁-၂၀၂၅ ရက်နေ့တွင်ကျင်းပခဲ့ပြီး စီးပွားရေးသိပ္ပံဘွဲ့ (၁၈၂)ဦး၊ ဘွဲ့လွန်ဒီပလိုမာ (၉)ဦး၊ မဟာဘွဲ့ (၂၆)ဦး၊ Business Management Advanced Diploma- BMAD (၅၂)ဦးနှင့် Management Higher Diploma-BMHD (၇၄)ဦး၊ စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၃၄၃) ဦးတို့ အား သက်ဆိုင်ရာဘွဲ့များ အပ်နှင်းပေးနိုင်ခဲ့ပါသည်။

            သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၁၇-၁-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ စကားရည်လုပွဲအခမ်းအနား နှင့် Presentation Skill Contest အခမ်းအနားများကို ၂၁-၁-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ တည်ဆဲဥပဒေ/ နည်းဥပဒေများနှင့် ဥပဒေပိုင်း ဆိုင်ရာအသိပညာပေးဟောပြောပွဲ ပထမအကြိမ်ကို ၁၆-၁-၂၀၂၅  ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအကြိမ်ကို ၃၀-၁-၂၀၂၅ ရက်နေ့တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

            သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)တွင် တည်ဆဲဥပဒေ/ နည်းဥပဒေများ နှင့် ဥပဒေပိုင်းဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားများကို ၃၀-၁-၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်