နေပြည်တော် ဧပြီ ၁၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့၊ အန္တရာယ်ကင်းပရိတ်တရားနာ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လယ်ဝေးမြို့၊ မှန်တောကျောင်းတိုက် ဆရာတော် ဦးတေဇောဘာသ အမှူးပြုသော ဆရာတော်အရှင်သူမြတ်များ၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများ တက်ရောက်ကြသည်။
ဦးစွာ နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ပရိတ်တရားတော်နာ အခမ်းအနားကို ဖွင့်လှစ်ပြီး သံဃာတော် အရှင်သူမြတ်တို့အား ဩကာသကန်တာ့ချိုးဖြင့် ပူဇော်ကန်တော့ကာ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်တကွ ဧည့်ပရိတ်သတ် အပေါင်းတို့က သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဈ္ဇယ်တော်မူသော ပရိတ်တရားတော်များ ကို နာယူကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ထံ ဆွမ်းဆန်တော်၊ ဆီ၊ သင်္ကန်းနှင့်တကွ ဒါတဗ္ဗဝတ္ထုအစုစုတို့အား ဆပ်ကပ်လှူဒါန်းကြပြီး ဆရာတော် ဦးတေဇောဘာသထံမှ အနုမောဒနာတရား နာကြား၍ ကုသိုလ် ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
ဆက်လက်၍ ရုံးရှိ ဆည်အတွင်းသို့ ငါးဘေးမဲ့လွှတ်ပွဲကို ပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ငါးမြစ်ချင်းကောင်ရေ (၃၀၀၀)ကို ဘေးမဲ့လွှတ်ပေး ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်