၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများအား တိုင်းဒေသကြီး/ ပြည်နယ် (၉)ခုရှိ မြို့နယ် (၂၆)မြို့နယ်၊ ကျေးရွာ (၅၈) ရွာတွင် ဆိုလာစနစ်လုပ်ငန်း စုစုပေါင်း (၄၈)ခုအား အကောင်အထည်ဖော် ဆောင်ရွက်ရန်လျာထားပြီး အစီရင်ခံသည့် ကာလတွင် လုပ်ငန်း (၄၈)ခုအား စိစစ်ပြီးဖြစ်၍ လုပ်ငန်းများ အကောင်အထည်ဖော်လျက်ရှိရာ စုစုပေါင်းလုပ်ငန်း ပြီးစီးမှုမှာ (၉၃)% ဖြစ်ပါသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောင်းနေကြာ(သမ) စိုက်ပျိုးရန် တိုးချဲ့စိုက်ပျိုးရေး စီမံကိန်းဒေသများအတွက် ပြည်ထောင်စု (GRF) ရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ် စိုက်ပျိုးရေရရှိ ရေးလုပ်ငန်း (၂၀)ခုအား အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားပြီး အစီရင်ခံသည့် ကာလတွင် တိုင်းဒေသကြီး/ ပြည်နယ် (၂)ခုရှိ မြို့နယ် (၆) မြို့နယ်၊ ကျေးရွာ (၈)ရွာတွင် လုပ်ငန်း (၂၀)ခုအား စိစစ်ပြီးဖြစ်၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စုစုပေါင်း လုပ်ငန်းပြီးစီးမှုမှာ (၂၄%) ဖြစ်ပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်