Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဏ) သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များမှ လုပ်ငန်းဆောင်ရွက်မှု

    သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်/စစ်ကိုင်း) မှပထမနှစ် တက္ကသိုလ် ဝင်ခွင့် လျှောက်ထားလာသူများ၏ လျှောက်လွှာများအား စိစစ်လက်ခံဆောင်ရွက်ပြီး ပထမနှစ် တက္ကသိုလ် ဝင်ခွင့် လျှောက်ထားသူများစာရင်း ပြုစု၍ ဆောင်ရွက်လျက်ရှိပါသည်။

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ဒုတိယဝန်ကြီးချုပ်၊ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ၈-၄-၂၀၂၂ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ သွားရောက်ခဲ့သည့် ခရီစဉ်အတွင်း လမ်းညွှန်မှာကြား ချက်များအရ ၂၀၂၂ ခုနှစ်၊ မေလတွင် တက္ကသိုလ်၊ ကောလိပ်များ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းတွင်း/ ပြင် သန့်ရှင်းသာယာလှပအောင် ပြုပြင် ဆောင်ရွက်ခဲ့ပြီး လုံခြုံရေးစီမံချက်များ ရေးဆွဲဆောင်ရွက်၍ ကျောင်းဝန်းအတွင်းရှိဂိတ်များတွင် CCTV Camera များတပ်ဆင်ထားရှိကာ တာဝန်ကျဝန်ထမ်းများမှ လှည့်လည်ကြည့်ရှု စစ်ဆေး မှုများ ဆောင်ရွက်ခြင်းနှင့် လိုအပ်ပါက နယ်မြေလုံခြုံရေးအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ရန် စီစဉ်ထားရှိပြီးဖြစ်ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm