Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်တန်းမြို့နယ် ဝဲကြီးကျေးရွာ၌ သိုးမွှေးချည်ထိုးနည်းသင်တန်းဖွင့်ပွဲကျင်းပ


07 Aug,2024

ကျောက်တန်းမြို့နယ် ဝဲကြီးကျေးရွာ၌ သိုးမွှေးချည်ထိုးနည်းသင်တန်းဖွင့်ပွဲကျင်းပ
*******************************
‌ကျောက်တန်း         ဩဂုတ်          ၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုက်တက်စေရန်ရည်ရွယ်၍ အသက် မွေးဝမ်းကျောင်းအထောက်အကူပြု သိုးမွှေးချည်ထိုးနည်းသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ဝဲကြီးကျေးရွာစုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောက်တန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးသင်တန်းနည်းပြဆရာက သင်တန်းတွင် သင်ကြားမည့် သိုးမွှေးချည်ထိုးနည်းဆိုင်ရာ ဘာသာရပ်များနှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဝဲကြီးကျေးရွာရပ်မိရပ်ဖတစ်ဦးက သင်တန်းသားများအား သင်တန်းပြီး မြောက်ပါက အလုပ်အကိုင်‌ရရှိရေး ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားပြီး ကျောက်တန်းမြို့နယ်ဦးစီးမှူး နှင့် တာဝန်ရှိသူများ အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု သိုးမွှေးချည်ထိုးသင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများကို သင်တန်းနည်းပြဆရာထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို ကျွမ်းကျင်နည်းပြဆရာများက စာတွေ့လက်တွေ့ဖြင့် ဩဂုတ်လ ၆ ရက်နေ့မှ စက်တင်ဘာလ ၆ ရက်နေ့ထိ တစ်လကြာ အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး ကျောက်တန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ/သား ၂၀ ဦး တက်ရောက်ခဲ့ကြောင်း ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm