Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ဘွဲ့နှင်းသဘင်အခမ်းအနား တက်ရောက်


27 Dec,2024

နေပြည်တော် ဒီဇင်ဘာ ၂၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)၏ အဋ္ဌမအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ပါမောက္ခချုပ် ဒေါက် တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဘွဲ့ရကျောင်းသားကျောင်းသူများနှင့် ၎င်းတို့၏မိဘများ တက်ရောက်ကြသည်။

အခမ်းအနားအစီအစဉ်အရ ဒုတိယဝန်ကြီး ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် ပညာ ရေးနှင့်ပတ်သက်၍ ယုံကြည်ချက်၊ ခံယူချက်များ မှန်ကန်ဖို့လိုကြောင်း၊ ဘွဲ့ရကျောင်းသား ကျောင်းသူများ၏ အရည်အချင်းနှင့် အရည်အသွေး မြင့်မားရေးအတွက် အရည်အသွေးအာမခံမှု ရှိသည့် ရလဒ်အခြေပြုပညာရေးစနစ် (Outcome based Education) ကို ပီပြင်စွာ အကောင် အထည်ဖော်ရန် လိုကြောင်း၊ တက္ကသိုလ်များ၏ သုတေသနအခန်းကဏ္ဍကို မြင့်မားတိုးတက်‌အောင် ဆောင်ရွက်ပြီး တီထွင်ဆန်းသစ်မှုများ ပြုလုပ်၍ လူမှုအသိုက်အဝန်းကို အကျိုးပြုသော အသိပညာ ရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာအောင် လေ့ကျင့်ပျိုးထောင်ပေးကြဖို့ လိုကြောင်း၊ ဘာသာ ရပ်အလိုက် အားကစားပြိုင်ပွဲများ ကျင်းပပြီး အားပေးကူညီဆောင်ရွက်သွားရန် တိုက်တွန်းမှာကြား သည်။

ယင်းနောက် ဒုတိယဝန်ကြီးက ပညာသင်နှစ်အလိုက် ထူးချွန်ဆုရ ကျောင်းသားကျောင်းသူ များအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (စစ်ကိုင်း) ၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘော်လုံး၊ ဘော်လီဘော၊ ခြင်းလုံး အစရှိသည့် အားကစားပစ္စည်းများကို ဒုတိယဝန်ကြီးက ပေးအပ်ရာ ပါမောက္ခချုပ် ဒေါက်တာ မို့မို့ရီက လက်ခံရယူခဲ့သည်။

ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကိုယ်စားပြု ဘောလုံးအသင်းတွင် ပါဝင်ကစားခဲ့ပြီး တတိယကြေးတံဆိပ် ရရှိခဲ့ကြသော ဘောလုံးအားကစားသမားများဖြစ်သည့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) မှ ကျောင်းသား (၅) ဦး၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) မှ ကျောင်းသား (၁) ဦး တို့ကို ဒုတိယဝန်ကြီးက ဂုဏ်ပြုဆုငွေ ကျပ် (၃) သိန်းစီ ပေးအပ်ခဲ့သည်။

ယနေ့ကျင်းပပြုလုပ်သော အဋ္ဌမအကြိမ် ဘွဲ့နှင်းသဘင်မှာ မဟာဘွဲ့ရရှိသူ (၇) ဦး၊ စီးပွားရေး သိပ္ပံဘွဲ့ရရှိသူ (၂၂၁)ဦး၊ ဘွဲ့လွန်ဒီပလိုမာဘွဲ့ရရှိသူ (၂) ဦး၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုပညာ ဒီပလိုမာရရှိသူ (၂၅) ဦးတို့ကို သက်ဆိုင်ရာ ဘွဲ့အလိုက် ချီးမြှင့်အပ်နှင်းပေးမည် ဖြစ်သည်။

ဆက်လက်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(စစ်ကိုင်း)၏ ပထမပိုင်းအခမ်းအနား အစီအစဉ် ရုတ်သိမ်းခဲ့သည်။

ဒုတိယဝန်ကြီးသည် ယမန်နေ့ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆောင်းဒါး ရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံသို့ သွားရောက်၍ ချည်မျှင်နှင့် အထည်အလိပ်ဒီပလိုမာ (၁) နှစ် သင်တန်းနှင့် ပေါင်းကူးသင်တန်း၊ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ (၁) နှစ်သင်တန်း၊ လက်ရက်ကန်း(၆)လသင်တန်း၊ ရိုးရာလွန်းရာကျအချိတ် (၆) လ သင်တန်းတို့မှ သင်တန်းဆင်းမည့် ကျောင်းသား ကျောင်းသူ (၄၃) ဦးတို့၏ သဘာဝဆိုးဆေး အသုံးပြုထားသော ချည်ထည်များကို စက်ရက်ကန်း၊ လက်ရက်ကန်းတို့ဖြင့် ရက်လုပ်၍ အဝတ်အထည်နှင့် ဒီဇိုင်း ယှဉ်ပြိုင်သည့် ကျောင်းဆင်းလက်ရာပြပွဲကို ကြည့်ရှုအားပေးပြီး ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူ များအား တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်