Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းပန်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေး အခမ်းအနား ကျင်းပ


29 Jul,2024

မိုင်းပန် ဇူလိုင် ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွက် ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေး အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ဇူလိုင် ၂၈ ရက်က ကျင်းပ ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သိန်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးလွမ်းနိုင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းဖတ်ကြားရှင်းလင်းတင်ပြပြီး အသင်းဥက္ကဋ္ဌမှအသင်းသား များ၏ သဘောထားများရယူ၍ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းများကို အတည်ပြုခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် အသင်းသားများမှ သိလိုသည်များမေးမြန်းခဲ့ရာ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)ဥက္ကဋ္ဌနှင့် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိတို့က ပြန်လည်ဖြေကြားပေးခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေပေါ် အတိုးနှင့် အစုရှယ်ယာပေါ်အမြတ်များကို အသင်းသားကိုယ်စားလှယ် ဌာနအကြီးအကဲများထံ ထုတ်ပေးခဲ့ ကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm