Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စဉ့်ကိုင်မြို့နယ် " ပညာ့တံခွန် " ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာသင်းလုံးကျွတ်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ


29 Jul,2024

စဉ့်ကိုင် ဇူလိုင် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် "ပညာ့တံခွန်" (ပညာရေး)ငွေစု ငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊အရပ်ရပ်ဆိုင်ရာ သင်းလုံးကျွတ် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ပွဲကို ဇူလိုင် ၂၇ ရက်က အ.ထ.က(စဉ့်ကိုင်) သဇင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သဘာပတိ ဦးခင်မောင်သိန်းနှင့် မြို့နယ်ပညာရေးမှူးဦးကိုကိုကြီးတို့က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်ခင်မြတ်ကြူက သမဝါယမဦးစီး ဌာနမှ ပြည်သူများအတွက် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးနေမှုအခြေအနေ များနှင့် အသင်း၏စည်းမျဉ်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲသည်။

ဆက်လက်၍ "ပညာ့တံခွန်"(ပညာရေး)ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရှင်းတမ်းများ၊ အစီရင်ခံစာများဖတ်ကြားရှင်းလင်းခဲ့ရာ တက်ရောက်လာသော အသင်းသား၊ အသင်းသူများက အကြံပြုဆွေးနွေးခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်၀င် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော အသင်းသား၊အသင်းသူများ၏ သားသမီးများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ရာ လေးဘာသာဂုဏ်ထူးရှင်(၁)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၁)ဦး နှင့် ရိုးရိုးအောင်မြင်ခဲ့သူ (၄)ဦးတို့အား တာ၀န်ရှိသူအသီးသီးတို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ခဲ့သည်။

ထို့နောက် "ပညာ့တံခွန်(ပညာရေး) ငွေစုငွေချေးသမဝါယမအသင်းလီမီတက်မှ စုဆောင်းငွေ အပေါ်မှ အတိုးရငွေကျပ်(၃၂၈.၈)သိန်းအား အသင်းသား(၇၄၇)ဦး၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးအတွက် ထောက်ပံ့ငွေများထုတ်ပေးနိုင်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကြူနှင့်၀န်ထမ်းများ၊ ပညာ့တံခွန်(ပညာရေး)ငွေစုငွေချေး သမဝါယမအသင်းလီမိတက် အသင်းသား၊ အသင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm