Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သက်ပြည့်အငြိမ်းစားယူမည့် ဝန်ထမ်းအား မှတ်တမ်းတင်ဂုဏ်ပြုနှုတ်ဆက်ပွဲကျင်းပ


01 Jan,1970

နေပြည်တော်၊ ဇူလိုင် ၂၉

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် လုပ်သက် (၃၂)နှစ်ကျော် ကာလတစ်လျှောက် ဌာန၏ လုပ်ငန်းတာဝန်များအား ကျေပွန်စွာထမ်းဆောင် ခဲ့သည့် ရုံးအုပ် ဦးစိုးနိုင်အား မှတ်တမ်းတင်ဂုဏ်ပြုနှုတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း က အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

          အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် သက်ပြည့်အငြိမ်းစားယူမည့် ဝန်ထမ်းဖြစ်သော ရုံးအုပ် ဦးစိုးနိုင်တို့ တက်ရောက်ကြပါသည်။

            အခမ်းအနားတွင် စီမံခန့်ခွဲရေးဌာနခွဲ ညွှန်ကြားရေးမှူးက ရုံးအုပ် ဦးစိုးနိုင်၏ တာဝန်ထမ်းဆောင် ခဲ့မှုမှတ်တမ်းအား တင်ပြသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းတစ်ဦးအနေဖြင့် သက်ပြည့် တာဝန်ထမ်းဆောင်ခြင်းသည် အင်မတန် ခက်ခဲပြီး ရှည်လျားသည့် ခရီးလမ်းကြောင်း တစ်ခု ဖြစ်ပါကြောင်း၊ ယခုလို ခက်ခဲသော ခရီးလမ်းကြောင်းကို အောင်မြင်စွာလျှောက်လှမ်း နိုင်ခဲ့သည့် ရုံးအုပ် ဦးစိုးနိုင် အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ ဝန်ထမ်းတစ်ဦး တာဝန်ထမ်းဆောင် ရာတွင် သစ္စာရှိခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ရိုးသားကြိုးစားခြင်းတို့ လိုအပ်ပါကြောင်း၊ ရုံးအုပ် ဦးစိုးနိုင်သည် ဦးတည်ချက် လမ်းကြောင်းကို မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်ခဲ့သည်အတွက် ဂုဏ်ယူမိပါကြောင်း စသည်ဖြင့် ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားပြီး ရုံးအုပ် ဦးစိုးနိုင်အား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည်။

          ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနခွဲများမှ တာဝန်ရှိသူများက သက်ပြည့်အငြိမ်းစားယူမည့် ရုံးအုပ် ဦးစိုးနိုင်အား အမှတ်တရ လက်ဆောင်များ ပေးအပ်ကြပြီး ရုံးအုပ် ဦးစိုးနိုင်က အမှတ်တရနှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

          သက်ပြည့်အငြိမ်းစားယူမည့် ရုံးအုပ် ဦးစိုးနိုင်သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် (၁-၂-၁၉၉၂) ရက်နေ့မှ (၂၀-၁၁-၂၀၂၄) ရက်နေ့အထိ (၃၂) နှစ် နှင့် (၉)လ တာ တာဝန်ထမ်းဆောင် ခဲ့ပြီး တာဝန်ထမ်းဆောင်စဉ် ကာလတစ်လျှောက် ပေးအပ်သည် လုပ်ငန်းတာဝန်များအား ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm