Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြေးခုန်ပစ်အားကစားပြိုင်ပွဲ တက်ရောက်အားပေးကြည့်ရှု


28 Nov,2024

နေပြည်တော် နိုဝင်ဘာ ၂၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်ဖလား ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစား လေ့ကျင့်ရေးကွင်းအမှတ် (၁) ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက် အားပေးကြည့်ရှုကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးက ပြိုင်ပွဲဝင်အားကစားသမားများနှင့်တွေ့ဆုံ၍ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုးစား ယှဉ်ပြိုင်ကြရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် အားကစားနည်းအလိုက် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက အမျိုးသားမီတာ (၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရသည့်အသင်းများ နှင့် အမျိုးသမီးမီတာ (၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရသည့်အသင်း များကိုလည်းကောင်း၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက အမျိုးသားမီတာ (၁၀၀) အပြေးပြိုင်ပွဲတွင် ဆုရသူများကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက အမျိုးသမီးမီတာ (၁၀၀) အပြေးပြိုင်ပွဲတွင် ဆုရသူများကိုလည်း ကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က အမျိုးသား အလျားခုန်ပြိုင်ပွဲတွင် ဆုရသူများကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက အမျိုးသားမီတာ (၂၀၀) အပြေးပြိုင်ပွဲတွင် ဆုရသူများ ကိုလည်းကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသိန်းက အမျိုးသမီးမီတာ (၂၀၀) အပြေးပြိုင်ပွဲတွင် ဆုရသူများကိုလည်းကောင်း ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm