Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး အခမ်းအနားမှူးသင်တန်းဆင်းပွဲသို့ တက်ရောက်မှာကြား


26 Jul,2024

နေပြည်တော် ဇူလိုင် ၂၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနက ဖွင့်လှစ်ခဲ့သည့် အခမ်းအနားမှူး သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနမှ အတတ်ပညာရှင် ဆရာ၊ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သည့် သင်တန်းသို့ လာရောက်သင်ကြားပို့ချပေးခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင် သံကြားဌာနမှ အတတ်ပညာရှင် ဆရာ၊ ဆရာမများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း။ ယခုဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်းသည် အရည်အသွေးပြည့်ဝပြီး ကျွမ်းကျင်စွာ စနစ်တကျ ဆောင်ရွက်တတ်သော အခမ်းအနားမှူးများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ် ပေးခဲ့ခြင်း ဖြစ်ပါကြောင်း။ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဦးတည်ချက် (၉) ရပ် ချမှတ်ပြီး နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ မြို့ပြကျေးလက်များသို့ သွားရောက်ကွင်းဆင်းပြီး အခမ်းအနားများ ကျင်းပကာ မိမိဌာန၏ Activities များကို Awareness ဖြစ်အောင် ဆောင်ရွက်ပေးရပါကြောင်း။ အခမ်းအနားများကျင်းပရာတွင် အခမ်းအနားမှူး၏ အခန်းကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်ဖြစ်ပြီး အခမ်းအနားမှူးတစ်ဦး၏ တည်ငြိမ်လေးနက်စွာ ဆောင်ရွက်တတ်မှု၊ ဦးဆောင်နိုင်မှု၊ မိမိကိုယ်ကိုယုံကြည်မှု Confidence ရှိရန်နှင့် လေယူလေသိမ်း၊ သဒ္ဒါ/စကားလုံး အသုံးအနှုန်း၊ ဝေါဟာရများကို ကျွမ်းကျင်စွာပြောဆိုတတ်ရန်၊ ကိုယ်နေဟန်ထား၊ အကင်းပါးမှုနှင့် အခြေအနေပေါ်မူတည်ပြီး ပြုပြင်ပြောင်းလဲနိုင်ရန် Time Manage လုပ်နိုင်မှုစသည့် အရည် အသွေးများအပြင် Personality ကောင်းရန် လိုအပ်ပါကြောင်း၊ အခမ်းအနားမှူး၏  ဆွဲဆောင်မှု နှင့်အတူ အခမ်းအနားကို စနစ်တကျ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မှုရှိရန်လည်း အရေးကြီးပါကြောင်း။ အခမ်းအနားမှူးသည် အခမ်းအနားတစ်ခုကို အစအဆုံး သေသပ်စွာ ဆောင်ရွက်ရန်လိုအပ်ပြီး အခမ်းအနားအနေအထားနှင့် လိုက်ဖက်သည့် ဝတ်စားဆင်ယင်မှု၊ အသံ အနေအထားတို့ကိုလည်း ကြိုတင်ပြင်ဆင် လေ့ကျင့်ကြရမှာ ဖြစ်ပါကြောင်း။  ထို့ကြောင့် မိမိဌာန အတွက် အရည်အချင်းရှိသော အခမ်းအနားမှူးများ လေ့ကျင့်မွေးထုတ်ထား ရန်လိုအပ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများသည် သင်ကြားပို့ချချက်များကို အာရုံစိုက်ပြီး လေးလေးနက်နက် သင်ကြားခဲ့ကြသည်ကို ယုံကြည်ပါကြောင်း၊ သင်တန်းပြီးဆုံးသူများအနေဖြင့် မိမိဌာနရှိ အခြား ဝန်ထမ်းများအား သင်တန်းတွင်ရရှိခဲ့သည့် Knowledge များကို Sharing လုပ်ပေးပြီး အခမ်း အနားမှူးအသစ်များ မွေးထုတ်လေ့ကျင့်ပေးကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်မိုးဥက သင်တန်း နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါ်မြင့်ဝင်းကြည်က သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးအောင်မင်းက သင်တန်းနည်းပြ ဆရာ၊ ဆရာမများထံ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ယခုဖွင့်လှစ်ခဲ့သည့် အခမ်းအနားမှူးသင်တန်းကို ပြန်ကြားရေးဝန်ကြီးဝန်ကြီးဌာန၊ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားဌာနမှ အတတ်ပညာရှင် ဆရာ၊ ဆရာမများက ဇူလိုင်လ ၁၅ ရက်မှ ၂၆ ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ပြီး အဆိုပါသင်တန်းသို့ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးဌာနများ၌ တာဝန်ထမ်းဆောင်လျက်ရှိသော အမှုထမ်း၊ အရာထမ်း သင်တန်းသား/သင်တန်းသူ(၇၃)ဦး တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm