Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မြောင်းမြမြို့နယ် မြမျိုးသန့် မျိုးစေ့ထုတ်သမဝါယမအသင်းအား ကြည့်ရှုအားပေး


31 Dec,2024

နေပြည်တော် ဒီဇင်ဘာ ၃၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်း ဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်၊ သရက်ချောင်းကျေးရွာသို့ သွားရောက်ပြီး ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော သရက်ချောင်းကျေးရွာနှင့် ကုန်းစုကျေးရွာချင်းဆက်လမ်း အရှည် (၄.၅) ဖာလုံ ခွဲကျောက်အမာခံ ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ခရိုင်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။

အဆိုပါလမ်းသည် သရက်ချောင်းကျေးရွာမှ ကုန်းစုကျေးရွာထိ ၁ မိုင် ၁ ဖာလုံ ရှိသဖြင့် ကျန်ရှိသော လမ်းပိုင်းအား ဆက်လက်ဖောက်လုပ်ပေးရန် ကျေးရွာ၏ တင်ပြချက်အပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းမှာကြားပြီး ဒေသ၏ အဓိကစိုက်ပျိုးရေးလုပ်ငန်းဖြစ်သော နွေစပါး၊ မိုးစပါးများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံ‌မြေပဲကို တင်း ၁၀၀ ကျော် ထွက်ရှိ သည့် ဆင်းပဒေသာ ၁၅-၁၆ မျိုးများ စိုက်ပျိုးကြရေး၊ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် အနေဖြင့်လည်း အထွက်တိုးမျိုးကောင်းမျိုးသန့်များ ရရှိရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးရေး တိုက်တွန်းမှာကြားခဲ့သည်။

ဒုတိယဝန်ကြီးသည် ယမန်နေ့ညနေပိုင်းကလည်း မြောင်းမြမြို့နယ်၊ သပြေချောင်ကျေးရွာသို့ သွားရောက်ပြီး မြမျိုးသန့် မျိုးစေ့ထုတ်သမဝါယမအသင်းမှ အသင်းအမှုဆောင်များ၊ အသင်းသူ အသင်းသားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီးကအမှာစကားပြောကြားရာတွင် စပါးမျိုးများအပြင် ဆီထွက်သီးနှံ နေကြာ၊ မြေပဲမျိုးများ ထုတ်လုပ်ရေး၊ ဧရာဝတီတိုင်းဒေသကြီး၌ ပြည်ထောင်စုရန်ပုံငွေဖြင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို Pilot Project အဖြစ် ဆောင်ရွက်လျက်ရှိရာ သမဝါယမအသင်းစုချုပ်နှင့် သက်ဆိုင်ရာအသင်းစု၊ အခြေခံအသင်းများက အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြရေး၊ သမဝါယမစနစ် အောင်မြင်အောင် ပြည်သူလူထုက ယုံကြည်အားထားသော သမဝါယမ အသင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရေး၊ မြို့နယ်သမဝါယမဦးစီးမှူးများသည် အဓိက တာဝန်ရှိသူများဖြစ်၍ တောင်သူများ မျိုးနှင့် သွင်းအားစုများ အချိန်မီရရှိရန်၊ ပန်းတိုင်အထွက်နှုန်း ရရှိရန် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကား ပြောကြားသည်။

ယင်းနောက် အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သမဝါယမဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆင်းသုခ/ ပေါ်ထွန်း စပါးမျိုးများ ထုတ်လုပ်စိုက်ပျိုးနေ သော မြမျိုးသန့် မျိုးစေ့ထုတ်သမဝါယမအသင်း၏ လုပ်ငန်းဆောင်ရွက်ထားမှုများကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်