နေပြည်တော် ဒီဇင်ဘာ ၃၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်း ဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ဓနုံးချောင်းကျေးရွာသို့ သွားရောက် ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက သင်တန်းပို့ချဆောင်ရွက်ပေးလျက်ရှိသည့် ဒေသ ထွက်ကုန် ကွမ်းသီးဖတ်မှ တန်ဖိုးမြင့်လူသုံးပစ္စည်းများ ထုတ်လုပ်ရေးသင်တန်းသို့ ကြည့်ရှုအားပေး ခဲ့သည်။
မြောင်းမြမြို့နယ်တွင် ကွမ်းသီးစိုက်ဧက (၁၄၄၆) ဧကရှိပြီး ဓနုံးချောင်းအုပ်စုအတွင်း၌ ၇၅.၇၀ ဧက စိုက်ပျိုးထားပြီးဖြစ်ရာ ကွမ်းသီးဖတ်သည် စွန့်ပစ်ပစ္စည်းအနေဖြင့်သာ ရှိနေသော ကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပလတ်စတစ်အစားထိုး သုံးစွဲနိုင်ရေး၊ တန်ဖိုးမြင့် ထုတ် ကုန်များမှ ဝင်ငွေရရှိရေးတို့အတွက် သင်တန်းပို့ချပေးခြင်းဖြစ်ပြီး ယင်းလုပ်ငန်းကို ပြည်ပပို့ကုန် အဖြစ် ဆောင်ရွက်နေသော M Treasure ကုမ္ပဏီနှင့် ချိတ်ဆက်၍လည်း လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဓနုံးချောင်းကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံအမှာ စကားပြောကြားရာတွင် ရိုးသား၊ ကြိုးစား ဧရာဝတီသား ဆိုသည့်ဆောင်ပုဒ်နှင့်အညီ မိမိတို့ ဧရာ ဝတီတိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်၊ မိုးစပါး၊ နွေစပါးနှင့် နေကြာအပါအဝင် ဆီထွက်သီးနှံများကို ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုး ကြရန် တိုက်တွန်းမှာကြားပြီး ဓနုံးချောင်းကျေးရွာအဝင်လမ်း ပြုပြင်ဖောက်လုပ် ပေးရေးတင်ပြချက် အပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်