Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အသင်းအဖွဲ့မှတ်ပုံတင် ထောက်ခံချက် ပေးနိုင်ရေး ပဏာမစိစစ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ


26 Jul,2024

နေပြည်တော် ဇူလိုင် ၂၆

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာ့နှလုံးသားလူမှုဖွံ့ဖြိုးရေးအသင်းနှင့် လင်းလက်နှလုံးသားများ လူမှုကူညီရေးဖောင်ဒေးရှင်းတို့၏ အသင်းအဖွဲ့မှတ်ပုံတင်လက်မှတ်ရရှိရေးအတွက် အသင်းအဖွဲ့ မှတ်ပုံတင်ထောက်ခံချက်ပေးနိုင်ရေး ပဏာမစိစစ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဏာမစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဦးဇော်မင်းထွဋ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အတွင်းရေးမှူး ညွှန်ကြားရေးမှူး၊ ဒေါက်တာဇာနည်မင်းနှင့် သက်ဆိုင်ရာကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ပါသည်။

          ရှေးဦးစွာ ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဒေါက်တာဇာနည်မင်းမှ ပြည်တွင်းအသင်းအဖွဲ့ မှတ်ပုံတင်ထောက်ခံချက်ပေးနိုင်ရေး Check List များနှင့် စိစစ်ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက အသင်းအဖွဲ့မှတ်ပုံတင် ထောက်ခံချက် ပေးနိုင်ရေးဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးတင်ပြကြကြောင်း သတင်းရရှိပါသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm