Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပြင်ဦးလွင်မြို့နယ်၊ ညောင်ပေါကျေးရွာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


25 Jul,2024

နေပြည်တော် ဇူလိုင် ၂၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်း က တာဝန်ရှိသူများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ခရိုင်ရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အကြောင်းအမျိုးမျိုးကြောင့် လာရောက်တွဲဖက် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် မိသားစု များ၏ အခက်အခဲများကို ဝိုင်းဝန်းကူညီ ဖြေရှင်းဆောင်ရွက်ပေးရန် မှာကြားသည်။ယင်းနောက် ဦးစီးဌာနအလိုက် ဒုတိယညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းအကောင်အထည် ဖော် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ ဝန်ထမ်းတစ်ဦးချင်းနှင့် ဌာနအလိုက် အခက်အခဲများ မေးမြန်းပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ်၊ ပေပင်ကျေးရွာအုပ်စု၊ ညောင်ပေါကျေးရွာ သို့ သွားရောက်ပြီး ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ဆောင်ရွက်ပေးခဲ့သော ရွာတွင်းလမ်းကတ္တရာခင်းခြင်းလုပ်ငန်း၊ ကုန်ထုတ်လမ်း (၂) မိုင် ဖောက်လုပ်ပေးခြင်းလုပ်ငန်း၊ ရေထွက်ရေတားတမံ ပြုလုပ်ပေးခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးပြီး ကျေးရွာ၏ အဓိကလုပ်ငန်းဖြစ်သော ရာသီပန်းများ စိုက်ပျိုးရာတွင် ဓာတ်မြေဩဇာ၊ သဘာဝ မြေဩဇာများ ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ညောင်ပေါကျေးရွာရေထွက်ရေတားတမံ ပြုလုပ်ပေးခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm