Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းယောင်းမြို့တွင် မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်အသင်းတို့၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


25 Jul,2024

မိုင်းယောင်း ဇူလိုင် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၇)ရပ်ကွက်နှင့် အမှတ်(၉)ရပ်ကွက် မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်အသင်းတို့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇူလိုင် ၂၃ ရက်က မြို့နယ်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာနွယ်က သမဝါယမ လုပ်ငန်းစဉ်များ၊ အသင်းဥပဒေများ၊ နည်းဥပဒေများအကြောင်းကို ရှင်းလင်းပြောကြားပြီး အမှတ်(၇)ရပ်ကွက် မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်အသင်းဥက္ကဋ္ဌ ဦးသိန်းထိုက်နှင့် အမှတ်(၉)ရပ်ကွက် မွေးမြူရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက် အသင်းဥက္ကဋ္ဌ ဦးမြင့်သိန်းတို့က အသင်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ကြသည်။

ထို့နောက် အမှုဆောင်အသစ် ပြန်လည်ရွေးချယ်ခြင်းလုပ်ငန်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး အစုအပေါ် အမြတ်ငွေများနှင့် ထောက်ပံ့ငွေများကို အသင်းသူ၊ အသင်းသားများအား သက်ဆိုင်ရာ တာဝန်ရှိသူတို့က အသီးသီးထုတ်ပေးခဲ့ကြောင်း သိရသည်။

ဝေဝေခိုင်(ပြန်/ဆက်)

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm