Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စနစ်သစ်ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


25 Jul,2024

ဒဂုံမြောက် ဇူလိုင် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊  စနစ်သစ်ရောင်းဝယ်ရေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇူလိုင် ၂၄ ရက်က မြို့နယ်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် စနစ်သစ်ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက် သဘာပတိ ဦးမြသန်း က ဆောင်ရွက်လျက်ရှိသော သမဝါယမလုပ်ငန်းဆိုင်ရာများအကြောင်းနှင့် ဆက်လက်ဆောင်ရွက် မည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ ခုနှစ်ဘဏ္ဍာရေးရှင်းတမ်းနှင့် အစီရင်ခံစာများကို တာဝန်ရှိသူ များက ဖတ်ကြားအတည်ပြုခဲ့ပြီးနောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အသင်းသူ၊ အသင်းသား (၄၃၃)ဦးအား အစုပေါ်အမြတ်ငွေ(၄၄၀၁၀၀၀/-)ကျပ် ထောက်ပံ့ငွေနှင့် လက်ဆောင်ပစ္စည်းများ အား အသင်းသားများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ(ဒဂုံမြောက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm