Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇေယျာသီရိမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံသံဂဟေဆက်သင်တန်းဆင်းပွဲကျင်းပ


24 Jul,2024

ဇေယျာသီရိမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံသံဂဟေဆက်သင်တန်းဆင်းပွဲကျင်းပ

**************************************************************************

နေပြည်တော်    ဇူလိုင်   ၂၄

          ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံသံဂဟေ ဆက်သင်တန်းဆင်းပွဲအခမ်းအနားကို  ဇူလိုင် ၂၃ရက် နံနက်ပိုင်းက သာယာကုန်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ  ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်က သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချသည့်သင်ခန်းစာများကို လက်တွေ့ အသုံးချပြီး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိနိုင်သည်အထိ ဆောင်ရွက်ကြရန်ပြောကြားပြီး သင်တန်းသားများထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်း များနှင့် ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသားဦးရေ ၁၀ဦး တက်ရောက်ကြ ကာ သင်တန်းကာလမှာ ဇူလိုင် ၄ရက်မှ ၂၃ရက်နေ့ထိ ၂၀ရက်ကြာ စာတွေ့လက်တွေ့သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။

နော်လူး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm