Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စစ်ကိုင်းမြို့နယ် ကုန်းရွာကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး


22 Jul,2024

စစ်ကိုင်းမြို့နယ် ကုန်းရွာကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်း ဇူလိုင် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျောက်ဆည်ကျေးရွာအုပ်စု၊ ကုန်းရွာကျေးရွာ၌ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နိုင်ရေး လက်ရှိမြေပြင်အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စစ်ကိုင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ချိုနှင့် စစ်ကိုင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွယ်နှင့် တာဝန်ရှိသူများက ကျေးရွာရပ်မိရပ်ဖများနှင့်အတူ  ကျေးရွာရပ်မိရပ်ဖများနှင့်အတူ ကုန်းရွာကျေးရွာ၌ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းများဖောက်ပေးနိုင်ရေး လက်ရှိမြေပြင်အနေများ ကွင်းဆင်းတိုင်းတာကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။

အဆိုပါ ကုန်းရွာကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည်ပေ ၁၈၀၀ ပေ အကျယ် ၁၂ ပေ ကျောက်ရောမြေ တစ်ပေထု၊ အရှည်ပေ ၄၄၀၀ အကျယ် ၁၂ ပေ အမြင့် ကျောက်ရောမြေ နှစ်ပေထု၊ အရှည်ပေ ၇၉၀၀ ပေ အကျယ် ၁၂ ပေ အမြင့် ကိုးလက်မထု မြေနီကျောက်စရစ် ကိုးလက်မထုခင်းခြင်းလုပ်ငန်းတို့ကို ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်  တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၆၂ ဒသမ ၁၂ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ ဇူလိုင် စတုတ္ထအပတ်မှစ၍ စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါလမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၅၉၂၊ လူဦးရေ ၂၄၇၇ ဦးတို့၏ စိုက်ပျိုးမြေဧက ၅၀၀ ကို အကျိုးပြုပေးနိုင်မှာဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွယ်ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm