Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးနဲမြို့နယ်၌ မြဖူးဝေငွေစုငွေချေးသမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


18 Jul,2024

မိုးနဲ ဇူလိုင် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြဖူးဝေငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် စုဆောင်း ငွေပေါ်အတိုးထုတ်ပေးခြင်းအခမ်းအနားကို မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

အခမ်းအနားတွင် သဘာပတိအဖြစ် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းကြည်ကြည်မြင့်က ဆောင်ရွက်ပြီး အသင်း၏လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းမှာကြား ခဲ့သည်။ ထို့နောက် အသင်းမှ တာဝန်ရှိသူများက ဘဏ္ဍာရေးရှင်းတမ်းများနှင့် အသင်းစာရင်းစစ် အစီရင်ခံစာဖတ်ကြားခြင်း၊ ‌ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်းနှင့် အတည်ပြုချက်ရယူခြင်းတို့ကို ဆောင် ရွက်ခဲ့သည်။ ဆက်လက်၍ အသင်းသား ၃၆၅ ဦးသို့ စုဆောင်းငွေပေါ်အတိုးငွေကျပ် ၁၄၃၂၉၁၈၀ ထုတ်ပေးခဲ့ပြီး တက်ရောက်လာသောအသင်းသားများအား စားသုံးဆီများပေးအပ်ခဲ့ကြောင်း သိရ သည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm