မြို့သစ်မြို့နယ်၌ လက်သမားပန်းရံသင်တန်းဆင်းပွဲကျင်းပ
*******************************
မြို့သစ် ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမားပန်းရံသင်တန်းဆင်းပွဲကို ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးက သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေမြင့်က ဒေသနှင့်ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်းပညာများကို ကျေးလက်နေလူငယ်များ လက်တွေ့အသုံးချပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက် လက်သမားပန်းရံသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မကွေးခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမားပန်းရံသင်တန်းတွင် ပထမဆု၊ ဒုတိယဆု ရရှိသော သင်တန်းသားများအား ဂုဏ်ပြုဆုလက်ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသား ၂၀ ဦးအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဇူလိုင်လ ၃ ရက်နေ့မှ ၁၇ ရက်နေ့ထိ ၁၅ ရက်ကြာ စာတွေ့လက်တွေ့ဖြင့် အခမဲ့သင်ကြားပို့ချခဲ့ခြင်းဖြစ်ပြီး မြို့သစ်မြို့နယ်အတွင်းရှိကျေးရွာများမှ သင်တန်းသား ၂၀ ဦး တက်ရောက်သင်ယူခဲ့ကြောင်း မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်