Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာယာဝတီမြို့နယ်၌ သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုများ ပေးအပ်


17 Jul,2024

သာယာဝတီ  ဇူလိုင်  ၁၇

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း သမဝါယမအသင်းသား တောင်သူများ လူမှုစီးပွားဘဝမြင့်မားစေရေး၊ စိုက်ပျိုးသည့်သီးနှံအထွက်တိုးပြီး ဈေးကောင်းရရှိရေး၊ အချိန်မီထွန်ယက်စိုက်ပျိုးပြီး သွင်းအားစုများ သုံးစွဲနိုင်ရေးအတွက် မိုးစပါးစိုက်ပျိုးမည့်အခြေခံ သမဝါယမအသင်း ၄ သင်း၊ အသင်းသား ၂၄၇ ဦးနှင့် မိုးစပါးစိုက်ဧက ၂၀၀၀ အတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးငွေရယူပြီး တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသည့် ငွေကျပ် သိန်း ၄၀၀၀ တန်ဖိုးရှိ ပုလဲဓါတ်မြေဩဇာအိတ် ၂၀၀၀ ၊ ကွန်ပေါင်းဓါတ်မြေဩဇာအိတ် ၂၀၀၀ ကို သမဝါယမအသင်းသားတောင်သူများသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm