Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကောင်းမြတ်ရောင်း၀ယ်ရေးသမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


16 Jul,2024

လှိုင်သာယာ(အရှေ့ပိုင်း)၊ ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ကောင်းမြတ် ရောင်း၀ယ်ရေး သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇူလိုင် ၁၂ ရက် က မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် ကောင်းမြတ်ရောင်း၀ယ် ရေးသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဦးမြင့်သန်းကအမှာစကားပြောကြားပြီး အစုပေါ်အမြတ် ငွေများကို အသင်းသားများအား ထုတ်ပေးလျက်ရှိသည်။

ဆက်လက်၍ မေတ္တာရှင်ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် အသင်းဥက္ကဋ္ဌ ဒေါ်တင်တင်လှိုင်က အမှာစကားရှင်းလင်း ပြောကြားပြီး အသင်းသားများအား အစုပေါ်အမြတ်ငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm