Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မြစ်ကြီးနားမြို့ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းနှင့် ရက်ကန်းလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး


09 Jan,2025

နေပြည်တော် ဇန်နဝါရီ ၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းနှင့် ရက်ကန်းလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မြစ်ကြီးနားမြို့ရှိ ပြည်နယ်သမဝါယမဦးစီးဌာန ရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် မိမိတို့ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များကို သေချာစွာသိရှိပြီး ဦးစီးဌာန အချင်းချင်း အချိတ်အဆက်မိမိ ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက် တောင်သူ များလိုအပ်သည့် နည်းပညာများအား ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကျေးရွာရှိ စိုက်ပျိုးရေး မွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူများမှ အကူအညီတောင်းခံ လာပါက ဆက်စပ်ဦးစီးဌာနများနှင့် တတ်နိုင်သမျှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စေတနာထား  လုပ်ဆောင်ကြရန်လိုအပ်ကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဝန်ထမ်းသက်သာချောင်ချိရေး အတွက် ကြိုးပမ်းဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားပြီးနောက် ဝန်ထမ်းများတင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်ရှိ  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စူပါဝမ်း နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးသမဝါယမအသင်း၏ နို့စားနွားမွေးမြူ ဆောင်ရွက်နေမှု အခြေအနေများနှင့် နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်များက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။  တင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်ပမှ နို့ထွက်ပစ္စည်းများ တင်သွင်းမှု လျှော့ချရေးနှင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရေးဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိ သူများအနေဖြင့် လိုအပ်သည့် ကုန်ကြမ်းများ လုံလောက်စွာရရှိရေးအတွက် နို့စားနွား မွေးမြူရေး လုပ်ငန်းများ စနစ်တကျတိုးချဲ့ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း တောင်သူများ သမဝါယမနစ်ဖြင့် မွေးမြူနိုင်ရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်များ၊ အစာများ ရရှိရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နို့စားနွား မွေးမြူသူများအနေဖြင့် နို့နှင့် နို့ထွက် ပစ္စည်းများကို တန်ဖိုးမြှင့်စားသောက်ကုန်အဖြစ် ထုတ်လုပ် ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နို့စားနွားများ မွေးမြူရာတွင် မိရိုးဖလာစနစ် မွေးမြူခြင်းထက် စနစ်ကျနသည့် မွေးမြူခြင်းစနစ်ဖြင့် မွေးမြူကြရန်နှင့် လိုအပ်သည့် ကာကွယ်ဆေး များကို စနစ်တကျ ထိုးနှံကြရန်လိုအပ်ကြောင်း၊ အစာအတွက် နေဗီယာမြက်မျိုးများ တိုးချဲ့စိုက်ပျိုး ရန်လိုအပ်ကြောင်း၊ အခက်အခဲများ ရှိပါက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ ရမ်ပူရမ်ရပ်ကွက်ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဂျိန်းဖောသူစက်မှုလက်မှုရက်ကန်း ကုန်ထုတ်နှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းသို့ ရောက်ရှိပြီး ချည်ထည်များ ရက် လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပမှ ချည်ဝယ်ယူ တင်သွင်းမှုကို လျှော့ချ နိုင်ရေး၊ နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရက်ကန်းလုပ်ငန်း အတွက် လိုအပ်သော ချည်နှင့် ကုန်ကြမ်းများရရှိရေး ဝါစက်ရုံ၊ ချည်စက်ရုံများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရက်လုပ်ပြီး ချည်ထည်များ အရည်အသွေးကောင်းမွန်မှုရှိစေရေး နှင့် ဈေးကွက်အတွင်း ပိုမိုထုတ်လုပ်ရောင်းချနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထောက်ပံ့ငွေများကို သတ်မှတ်ကာလအတွင်း အပြေအကြေ ပေးသွင်းကြရန် လိုအပ်ကြောင်းပြောကြားပြီး အသင်းသားများ၏ တင်ပြချက်များကို ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်