Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မောက်မယ်မြို့နယ်၌ ငွေလမင်းအစိုးရဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


16 Jul,2024

မောက်မယ် ဇူလိုင် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ငွေလမင်းအစိုးရဝန်ထမ်း ပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဇူလိုင် ၁၄ ရက်က မြို့နယ်နမ့်ယွမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။  

ရှေးဦးစွာ မြို့နယ်သမဝါယမအသင်းလီမိတက်၏ သဘာပတိ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်တို့က အမှာစကားပြောကြားပြီး မောက်မယ်မြို့နယ်အမှုဆောင်အဖွဲ့မှ ငွေလမင်း အစိုးရဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃−၂၀၂၄ ဘဏ္ဍာနှစ် အရှုံးအမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းရှင်းတမ်းများကို ဖတ်ကြားရှင်းလင်း တင်ပြခဲ့ရာ အသင်းသူ/အသင်းသားများအားလုံးက အတည်ပြုလက်ခံကြပြီး လစ်လပ်သွားသော အမှုဆောင်(၁)ဦးနှင့် အသင်းသားစာရင်းစစ် (၁)ဦးတို့ကို အစားထိုးရွေးချယ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အသင်းသား/ အသင်းသူများ၏ စုဆောင်းငွေကျပ် (၁၀)သိန်းနှင့်အထက် စုဆောင်းငွေရှိသူများအား တာဝန်ရှိ သူများက ဆုများချီးမြှင့်ပေးခဲ့ပြီး အသင်းသား/အသင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm