Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုဗ္ဗသီရိမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံသံဂဟေဆက်နည်းသင်တန်းဖွင့်လှစ်


16 Jul,2024

ပုဗ္ဗသီရိမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံသံဂဟေဆက်နည်းသင်တန်းဖွင့်လှစ်

**************************************************************************

နေပြည်တော်    ဇူလိုင်   ၁၆

          ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစု ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူ ပြု အခြေခံသံဂဟေဆက်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို  ဇူလိုင် ၁၅ရက် နံနက်ပိုင်းက သပြေတန်းကျေးရွာအုပ်စု၊ ရန်အောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အခမ်းအနားတွင် ဇေယျာသီရိခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီး မှူး ဒေါ်စိုးစိုးဦးက အဖွင့်အမှာစကား ပြောကြားသည်၊၊

          ဆက်လက်၍  ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြဆရာက သင်တန်းတက်ရောက်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားပြီး မြို့နယ် ဦးစီးမှူးက သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများထံသို့ လွှဲပြောင်းပေးအပ်သည်။

အဆိုပါ သင်တန်းသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ သပြေတန်း၊ ငွေလျှံကုန်းနှင့် ရန်အောင်ကျေးရွာတို့မှ သင်တန်းသား ၁၀ဦး တက်ရောက်ကြပြီး သင်တန်းတွင် ကျွမ်းကျင်နည်းပြဆရာက ဇူလိုင် ၁၅ရက်မှ ဩဂုတ် ၃ရက်နေ့ထိ (၂၀)ရက်ကြာ စာတွေ့၊ လက်တွေ့ဖြင့် အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကိုကိုထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm