Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အောင်လံမြို့နယ် ရွာသာကုန်းကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုစစ်ဆေး


16 Jul,2024

အောင်လံမြို့နယ် ရွာသာကုန်းကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုစစ်ဆေး

အောင်လံ  ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွှေပန်းတောကြီးကျေးရွာအုပ်စု၊ ရွာသာကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ ကျပ်၁၇၀သိန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ဇူလိုင်လ ၁၆ရက်နေ့ နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီနှင့် ဝန်ထမ်းများက ရွာသာကုန်းကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှု့စစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက မိမိတို့နေ့စဉ် အသုံးပြု သွားလာရမည့်လမ်းဖြစ်ပြီး လမ်းရေရှည်တည်တံ့ အောင်၊ ပျက်စီးမှုမရှိအောင် အားလုံးဝိုင်းဝန်းထိန်းသိမ်းသွားကြရမှာဖြစ်ကြာင်း ဆွေးနွေးမှာကြားသည်။

ရွာသာကုန်းကျေးရွာတွင် လမ်းအရှည် ၆၃၀ပေ အကျယ်၁၂ပေအမြင့်ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ ငွေကျပ် ၁၇၀ သိန်း၊ ကျေးရွာနေပြည်သူမှ ထည့်ဝင်ငွေ ၆၅သိန်း စုစုပေါင်း ၂၃၅သိန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာပံ့ပိုးကာ ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ယခုနှစ် ဇွန်လပထမအပတ်မှ  စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၅ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းဆောင်ရွက်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၁၆၂အိမ်၊ လူဦးရေ ၇၁၇ဦးတို့အတွက် ကျေးရွာတွင်းလမ်း မိုးတွင်းကာလ လမ်းသားပျက်စီးမှုမရှိဘဲ ကျေးရွာသာယာလှပခြင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးလုပ်ငန်းများ ယခင်က ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်းစသည့် အကျိုးကျေးရွာ ကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm